Surah Aal-E-Imran Translated in Burmese

اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ

အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ခဝပ်ကိုးကွယ် ရာအရှင်ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ (ထိုအရှင်မြတ်သည် မရဏသေခြင်းတရားမှ လုံးဝကင်းစင်တော်မူ၍) နိစ္စ�ာဝရ အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် အမြဲထာဝရတည်နေတော်မူ၍ သက်ရှိသက်မဲ့ အပေါင်းတို့အား) ထိန်းသိမ်းစောင့်ရှောက်တော် မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။
نَزَّلَ عَلَيْكَ الْكِتَابَ بِالْحَقِّ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ وَأَنْزَلَ التَّوْرَاةَ وَالْإِنْجِيلَ

ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်၏ အပေါ်ဝယ် ကျမ်းမြတ်(ကုရ်အာန်)ကို မှန်ကန် တိကျစွာဖြင့် ထုတ်ပြန်ပို့ချတော်မူလေပြီ။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိထက်ရှေးဦးစွာ ကျရောက်ခဲ့သော ဒေသနာတော် ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ရှေးအထက်ကျော်ကာလ၌ လူခပင်းတို့ အဖို့တရားဓမ္မအဖြစ် တော်ရာတ် ကျမ်းမြတ်နှင့် အီန်ဂျီလ်ကျမ်းမြတ်ကိုလည်း ထုတ်ပြန်ပို့ချတော် မူခဲ့လေပြီ။
مِنْ قَبْلُ هُدًى لِلنَّاسِ وَأَنْزَلَ الْفُرْقَانَ ۗ إِنَّ الَّذِينَ كَفَرُوا بِآيَاتِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ ۗ وَاللَّهُ عَزِيزٌ ذُو انْتِقَامٍ

ထိုမှတစ်ပါး တုံ အရှင်မြတ်သည်(မိမိစေလွှတ်တော်မူသော နဗီတမန်တော်များကို ထောက်ခံစေ ခြင်းအားဖြင့်) အမှားအမှန်ကို ခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန် အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကလက္ခဏာရပ်များကို မယုံမကြည် သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّ اللَّهَ لَا يَخْفَىٰ عَلَيْهِ شَيْءٌ فِي الْأَرْضِ وَلَا فِي السَّمَاءِ

ဧကန်မုချ ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ အာကာသကောင်းကင်၌ရှိရှိသမျှသော အရာဝတ္ထုများသည်လည်းကောင်း၊ မည်သည့်တစုံတခုမျှ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဖုံးကွယ်နေသည်ဟူ၍ မရှိချေ။
هُوَ الَّذِي يُصَوِّرُكُمْ فِي الْأَرْحَامِ كَيْفَ يَشَاءُ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ

ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း(မိခင်တို့၏)သားအိမ်များတွင် အသင်တို့၏ရုပ်အဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်(ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွမ်းမူတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ် ပညာနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူချေသတည်း။
هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ ۖ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ ۗ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ ۗ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ

ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ်ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချ တော်မူသော အရှင်မြတ်ပင်တည်း။ ထိုကျမ်းမြတ် အနက် မပြောင်းမလွဲ ပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပာယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင်မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှု ရှိသောသူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပာယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်း ဆင်တူရိုးမှားအာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပာယ်ပြားသော ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သောအနက်အဓိပ္ပာယ်အလို သဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှမသိချေ။သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂ�များကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊မုတရှာ၊ ဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှား ဖြစ်သောအာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟု ပြောဆိုကြကုန်၏။ အမှန်သော်ကား စင်ကြယ်သန့်ရှင်းအပြစ်ကင်းသည့် ပညာရှင်အပေါင်းတို့မှအပ အခြားသူများတရားလမ်းမှန် မရနိုင်ချေ။
رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِنْ لَدُنْكَ رَحْمَةً ۚ إِنَّكَ أَنْتَ الْوَهَّابُ

(ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့�ောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။ ကျွန်တော်မျိုးအား (တရားလမ်း ပေါ်၌မြဲမြံစွာ တည်တံ့နိုင်စေခြင်းငှာ) မိမိအထံတော်မှ ကရုဏာတရားကို ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ရက်ရောစွာ ပေးသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။
رَبَّنَا إِنَّكَ جَامِعُ النَّاسِ لِيَوْمٍ لَا رَيْبَ فِيهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ

အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန် အရှင်မြတ်သည် အကြင် (ရှင်ပြန်ထမည့်)နေ့တွင် လူခပ်သိမ်းတို့အား စုရုံးတော်မူမည့် အရှင်မြတ်ပင်တည်း။ထိုနေ့နှင့် စပ်လျဉ်း၍ လုံးဝ ယုံမှားသံသယမရှိပါ။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ထားရှိတော်မူသော ကတိသစ္စာတော်ကို အလျင်း ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။
إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ

ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
Load More