Quran Apps in many lanuages:

Surah Aal-E-Imran Ayah #119 Translated in Burmese

هَا أَنْتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ကြည့်စမ်း၊ ဟယ်- (မုအ်မင်န် ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (သာလျှင်) ယင်းသူတို့အားချစ်ခင်မြတ်နိုးကြကုန်၏။ သို့ရာတွင် ထိုသူတို့မူကား အသင်တို့အား (အလျင်း) ချစ်ခင် မြတ်နိုးကြသည်မဟုတ်ချေ။ ၎င်းပြင်အသင်တို့သည်(ကောင်းကင်မှကျရောက်လာသော)ကျမ်းဂန်အလုံးစုံတို့ကို ယုံကြည်ကြကုန်သည်။ (ထိုသူတို့ကား ဤသို့မဟုတ်ချေ) ထိုမှတပါး ယင်းသူတို့သည် အသင်တို့နှင့် တွေ့ဆုံကြသောအခါ အကျွန်ုပ်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပါပြီ ဟု ပြောဆိုကြ ကုန်၏။ သို့ရာတွင် (အသင်တို့ကွယ်ရာတွင်) တကိုယ်ထီးတည်း ဖြစ်ကြလေသောအခါ အသင်တို့ အပေါ်ဝယ် အမျက်ဒေါသထွက်ခါ (မိမိတို့၏) လက်ချောင်းများကိုပင် ကိုက်ခဲကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် ယင်းသူတို့အား (အချင်းတို့) အသင်တို့သည် မိမိတို့အမျက်ဒေါသနှင့်ပင် သေကြကုန်လော့ ဟု ပြော ကြားပါလေ။မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသောအရာများကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ပင်တည်း။

Choose other languages: