Quran Apps in many lanuages:

Surah Aal-E-Imran Ayah #121 Translated in Burmese

وَإِذْ غَدَوْتَ مِنْ أَهْلِكَ تُبَوِّئُ الْمُؤْمِنِينَ مَقَاعِدَ لِلْقِتَالِ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
(အို-နဗီတမန်တော်) အခါတစ်ပါး၌ အသင်သည် မိမိအိမ်သူ အိမ်သားများထံမှ (စစ်မက်ပြိုင်ဆိုင်ရန် အလို့ငှာ အုဟုဒ်တောင်ခြေသို့) နံနက် စောစော ထွက်ခဲ့၍ တပ်စွဲရန်နေရာများတွင် မုအ်မာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော သူတို့အား နေရာချပေးလျက် ရှိခဲ့သည် (ကို အသင်သည်ပြန်လည်၍ သတိရှိပါလေ)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ထိုအခါ က အသင်တို့နှင့် တကွ အသင်တို့၏ ရန်သူများပြောဆိုကြသော စကားအရပ်ရပ်တို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်။ (အသင်တို့နှင့်တကွ အသင့်တို့၏ရန်သူများ၏ အဖြစ်အပျက်အခြေအနေ အလုံးစုံတို့ကို) အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Choose other languages: