Quran Apps in many lanuages:

Surah Aal-E-Imran Ayah #144 Translated in Burmese

وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ ۚ أَفَإِنْ مَاتَ أَوْ قُتِلَ انْقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَنْ يَنْقَلِبْ عَلَىٰ عَقِبَيْهِ فَلَنْ يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ
အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။

Choose other languages: