Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #160 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ كَفَرُوا وَقَالُوا لِإِخْوَانِهِمْ إِذَا ضَرَبُوا فِي الْأَرْضِ أَوْ كَانُوا غُزًّى لَوْ كَانُوا عِنْدَنَا مَا مَاتُوا وَمَا قُتِلُوا لِيَجْعَلَ اللَّهُ ذَٰلِكَ حَسْرَةً فِي قُلُوبِهِمْ ۗ وَاللَّهُ يُحْيِي وَيُمِيتُ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍ ထိုညီသားအစ်ကိုများသည်ပထဝီမြေပြင်ဝယ်(သာသနာရေးကိစ္စနှင့်)ခရီးသွားလာကြသောအခါ (ကွယ်လွန်သေဆုံးခဲ့သည်) ဖြစ်စေ၊ စစ်သည်တော်များဖြစ်(၍ စစ်မြေပြင်၌ကျဆုံး)ခဲ့သည်ဖြစ်စေ၊ အကယ်၍သာထိုသူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြပါလျှင် (ယင်းကဲ့သို့)သေကြေ ပျက်စီးကြမည်လည်းမဟုတ်။ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေတကား ဟု ပြောဆိုလေ့ ရှ�ကြကုန်၏။အလ္လာဟ်အရှင်မြတ်သည် ထိုသူများကဲ့သို့ အသင်တို့မဖြစ် ကြသည်ကိုပင် ထို (ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့၏ စိတ်နှလုံးတွင်း၌ ဝမ်းနည်းပူဆွေးဖွယ်တစ်ရပ် ဖြစ်စေတော် မူရန်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူ၏။ထိုမှတစပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။
وَلَئِنْ قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِمَّا يَجْمَعُونَ
သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ခွင့်လွှတ်ချမ်းသာပေးသနား တော်မူခြင်းသည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း။ ထို(ကာဖိရ်)တို့ စုဆောင်းကြကုန်သော အရာဝတ္ထုများထက် မုချဧကန် သာလွန်၍ ကောင်းမြတ်ပေသည်။
وَلَئِنْ مُتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ
ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် စင်စစ်သေဆုံးကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသတ်ခံကြရသည်ဖြစ်စေ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် မုချစုရုံးစေခြင်းခံကြရပေမည်။
فَبِمَا رَحْمَةٍ مِنَ اللَّهِ لِنْتَ لَهُمْ ۖ وَلَوْ كُنْتَ فَظًّا غَلِيظَ الْقَلْبِ لَانْفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ
တဖန် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့်သာလျှင် ထိုသူတို့နှင့်နူးညံ့(စွာဆက်ဆံ)ခဲ့လေပြီ။ အကယ်၍သာ အသင်သည်ကြမ်းတန်းသောသူ (လူမှုဆက်ဆံရေး၌) စိတ်သဘော ခက်ထန်ကြမ်းကြုတ်သောသူဖြစ်ခဲ့ပါမူ၊ ထိုသူတို့သည် အသင်၏အပါးမှကစဉ့်ကလျားဖြစ်ကာ ထွက်ခွာသွားကြမည်မှာ ဧကန်မလွဲတည်း။ သို့ဖြစ်ရကား အသင်သည် ထိုသူတို့(၏ ချွတ်ယွင်းမှုများ)ကို ခွင့်လွှတ်ပါလေ။ (အလ္လာဟ်အရှင်မြတ်အထံတော်၌လည်း) ထိုသူတို့ အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပေးပါလေ။ ထိုမှတပါးတုံ အသင်သည် ရေးခွင့်ကိစ္စအဝဝနှင့်စပ်လျဉ်း၍ ထိုသူတို့နှင့်တိုင်ပင်ဆွေးနွေးပါလေ။ (သို့ဆွေးနွေးတိုင်ပင်)ပြီးနောက် အသင်သည် (တစ်စုံတရာသော ကိစ္စနှင့်စပ်လျဉ်း၍) ပြုလုပ်ရန် စိတ်ပြဋ္ဌာန်းလိုက်သည့်အခါ အလ္လာဟ်အရှင်မြတ် အပေါ်ဝယ် ယုံကြည်စိတ်ချ လွှဲအပ်(၍ပြုလုပ်)ပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိအပေါ်ဝယ်) ယုံကြည်စိတ်ချ အားထားသောသူတို့ကိုချစ်ခင်တော်မူလေသတည်း။
إِنْ يَنْصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِنْ يَخْذُلْكُمْ فَمَنْ ذَا الَّذِي يَنْصُرُكُمْ مِنْ بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား(ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။ သို့ဖြစ်ရကား ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသော သူတို့သည်အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံကြည်စိတ်ချအားထားကြရမည်သာတည်း။

Choose other languages: