Quran Apps in many lanuages:

Surah Aal-E-Imran Ayah #44 Translated in Burmese

ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنْتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنْتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ
(အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည် မရ်ယမ် ကို ယင်းသူတို့အနက်မှ မည်သူအုပ်ထိန်းရမည်ကို မဲကောက်ရန်အတွက်) မိမိတို့၏ ကလောင်များကို (ရေထဲ၌) ပစ်ချကြသောအခါတွင်လည်း အသင်သည်ယင်းသူတို့အပါး၌ ရှိခဲ့သည်မဟုတ်။ထိုနည်းတူစွာ ယင်းသူတို့သည် (မဲမကောက်မီ) မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦးငြင်းခုံလျက် ရှိကြသော အခိုက်တွင်လည်း အသင်သည် ယင်းသူ တို့အပါးဝယ် ရှိခဲ့သည်မဟုတ်ချေ။

Choose other languages: