Quran Apps in many lanuages:

Surah Al-Ahzab Ayah #53 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتَ النَّبِيِّ إِلَّا أَنْ يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَاظِرِينَ إِنَاهُ وَلَٰكِنْ إِذَا دُعِيتُمْ فَادْخُلُوا فَإِذَا طَعِمْتُمْ فَانْتَشِرُوا وَلَا مُسْتَأْنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِي النَّبِيَّ فَيَسْتَحْيِي مِنْكُمْ ۖ وَاللَّهُ لَا يَسْتَحْيِي مِنَ الْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَاعًا فَاسْأَلُوهُنَّ مِنْ وَرَاءِ حِجَابٍ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَنْ تُؤْذُوا رَسُولَ اللَّهِ وَلَا أَنْ تَنْكِحُوا أَزْوَاجَهُ مِنْ بَعْدِهِ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِنْدَ اللَّهِ عَظِيمًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစားအစာစားသုံးရန် ခွင့်ပြုခြင်းခံကြရသည်မှတစ်ပါး နဗီတမန်တော်မြတ်၏ အိမ်များတွင် မဝင်ကြကုန်လင့်။ (သို့ခွင့်ပြုခြင်းခံကြရသော်လည်းအသင်တို့သည်)စားသောက်ရန်အချိန်ကို စောင့်မျှော်သူများမဖြစ်ကြဘဲ ဖိတ်ခေါ်ခြင်းခံကြရသော အခါမျိုး၌သာလျှင် ဝင်ရောက်ကြလေကုန်။ထို့နောက် စားသောက်၍ပြီးကြသောအခါ အသင်တို့သည်လူစုခွဲ ၍(ပြန်ခဲ့)ကြလေကုန်။ ထို့ပြင် (အသင်တို့သည်) စကားစမြည်ပြောဆိုခြင်း၌ စိတ်ဝင်စား၍ ထိုင်မနေကြကုန်လင့်။ဧကန်စင်စစ် ဤသည် နဗီတမန်တော်မြတ်အား စိတ်ဒုက္ခဖြစ်စေ၏။ သို့ပါသော်လည်း နဗီတမန်တော်မြတ်သည် အသင်တို့ကို အားနာတော်မူ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား မှန်ကန်သောစကားပြောကြားတော်မူရန် အားနာတော်မူသည် မဟုတ်ပေ။ ၎င်းအပြင် အသင်တို့သည် ထိုနဗီတမန်တော်မြတ်၏ကြင်ရာတော်များထံ ဝတ္တုပစ္စည်း တစ်စုံတစ်ရာကိုတောင်းကြသောအခါ ကန့်လန့်ကာ၏နောက်ကွယ်မှ တောင်းကြလေကုန်။ ဤသည် အသင်တို့၏ စိတ်နှလုံးများကို လည်းကောင်း၊ ထိုကြင်ရာတော်များ၏စိတ်နှလုံးများ ကိုလည်းကောင်း၊ပိုမို၍ပင် သန့်စင်စေ၏။ စင်စစ်သော်ကား အသင်တို့၌အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခပေးပိုင်ခွင့်လည်းမရှိချေ၊ ထိုနဗီတမန်တော်မြတ် မရှိသည့်နောက်တွင် ထိုနဗီ တမန်တော်မြတ်၏ ကြင်ရာတော်များနှင့်မည်သည့် အခါ၌မျှ ထိမ်းမြားပိုင်ခွင့်လည်းမရှိပေ။ ဧကန်မလွဲဤသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ အလွန် ကြီးလေးသော၊ အပြစ်ဖြစ်သောအမှုပင် ဖြစ်ပေသည်။

Choose other languages:

0:00 0:00
Al-Ahzab : 53
Mishari Rashid al-`Afasy