Quran Apps in many lanuages:

Surah Al-Anaam Ayah #148 Translated in Burmese

سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِنْدَكُمْ مِنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِنْ تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنْتُمْ إِلَّا تَخْرُصُونَ
အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှ�့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။

Choose other languages: