Quran Apps in many lanuages:

Surah Al-Anaam Ayah #157 Translated in Burmese

أَوْ تَقُولُوا لَوْ أَنَّا أُنْزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُمْ بَيِّنَةٌ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّنْ كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ
သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။

Choose other languages: