Quran Apps in many lanuages:

Surah Al-Anaam Ayah #158 Translated in Burmese

هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ رَبُّكَ أَوْ يَأْتِيَ بَعْضُ آيَاتِ رَبِّكَ ۗ يَوْمَ يَأْتِي بَعْضُ آيَاتِ رَبِّكَ لَا يَنْفَعُ نَفْسًا إِيمَانُهَا لَمْ تَكُنْ آمَنَتْ مِنْ قَبْلُ أَوْ كَسَبَتْ فِي إِيمَانِهَا خَيْرًا ۗ قُلِ انْتَظِرُوا إِنَّا مُنْتَظِرُونَ
ယင်းသူတို့သည် မိမိတို့ထံ မလာအိကဟ်ကောင်းကင်စေတမန်များ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ အသင့်အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ်ကိုယ်တိုင် ကြွရောက်လာတော်မူသည် ကိုသော်လည်းကောင်း၊ အသင့်အားမွေးမြူတော်မူသော (အလ္လာဟ်)အရှင်မြတ်၏အကြီးအကျယ် လက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသည်ကိုသော်လည်းကောင်း၊ စောင့်ဆိုင်း၍ နေကြသလော။(အမှန်စင်စစ်သော်ကား) အသင့်အား မွေးမြူတော်မူသောအရှင်မြတ်၏(ကြီးကျယ်သော)အချို့လက္ခဏာတော် ရောက်ရှိလာသောနေ့တွင်၊ ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အသင်တို့သည် စောင့်ဆိုင်း၍နေကြလေကုန်။ ငါတို့သည်(လည်းအသင်တို့နှင့်အတူ) စောင့်ဆိုင်းလျက်ပင် ရှိပါသည် ဟုပြောကြားပါလေ။

Choose other languages: