Quran Apps in many lanuages:

Surah Al-Anaam Ayah #63 Translated in Burmese

قُلْ مَنْ يُنَجِّيكُمْ مِنْ ظُلُمَاتِ الْبَرِّ وَالْبَحْرِ تَدْعُونَهُ تَضَرُّعًا وَخُفْيَةً لَئِنْ أَنْجَانَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
(အို-နဗီတမန်တော်) အသင်သည်ပြောကြားပါလေ။ (အချင်းတို့) အသင်တို့အား ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်အထပ်ထပ်တို့မှ မည်သူသည် ကယ်တင်ပါသနည်း။ အကယ်၍ ထိုအရှင် မြတ်သည် ကျွန်တော်မျိုးတို့အား ဤအန္တရာယ်များမှ လွတ်မြောက်စေတော်မူပါလျှင်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင်အပါအဝင် ဖြစ်ကြပါမည် ဟူ၍ အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာ ငိုကြွေးကာလည်းကောင်း၊ တိတ်ဆိတ်စွာည်းကောင်း၊ ဟစ်ခေါ်တသ (ဆုတောင်းပတ္ထနာပြု)ကြကုန်သည် (မဟုတ်ပါလော)။တနည်း။(အို-နဗီ) အသင်သည် ပြောကြားပါလေ။ (အိုမုရ်ှရစ်က်အပေါင်းတို့) ကုန်းမြေနှင့်သမုဒ္ဒရာ၏ အမှောင်(ဘေးဒုက္ခ)များမှ အသင်တို့ကို မည်သူ ကယ်တင်သနည်း။ (ထိုအချိန်တွင်) အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာလျှင် (တစ်ခါတစ်ရံ)ကျိုးနွံစွာဖြင့်လည်းကောင်း၊ (တစ်ခါ တစ်ရံ)တိတ်ဆိတ်စွာ လည်းကောင်း၊ တသကြ၏။ (၎င်းပြင် အသင်တို့က)အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဘေးဒုက္ခမှ ကယ်တင်တော်မူပါလျှင် ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကို သိတတ်သောသူများတွင် မုချအပါအဝင် ဖြစ်ကြပါမည် (ဟု ပြောဆိုကြသည်)။

Choose other languages: