Quran Apps in many lanuages:

Surah Al-Araf Ayah #37 Translated in Burmese

فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ أُولَٰئِكَ يَنَالُهُمْ نَصِيبُهُمْ مِنَ الْكِتَابِ ۖ حَتَّىٰ إِذَا جَاءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوا أَيْنَ مَا كُنْتُمْ تَدْعُونَ مِنْ دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا وَشَهِدُوا عَلَىٰ أَنْفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အကြင်သူထက် ပိုမို မတရားကျူးလွန် သောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုကြံဖန်လီဆယ်၍စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ ဒေသနာတော်များကိုအမှားဟု ဆိုခဲ့လေသည်။ ထိုသူတို့ထံ ထိုသူတို့အဖို့ သတ်မှတ်ထားသော ဝေစုဝေပုံသည် (ထိုပစ္စက္ခကာလ၌ပင်) ရောက်ရှိအံ့။နောက်ဆုံးတွင်မူ ထိုသူတို့ထံ ငါအရှင်မြတ် ၏စေတမန်တို့သည်ထိုသူတို့၏ ဇီဝိန်ကို နှုတ်သိမ်း ရန် ရောက်ရှိလာကြသောအခါထိုစေတမန်တို့က (ထိုသူတို့အား ဤသို့) မေးမြန်းကြလတ္တံ့။အသင်တို့ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ဟစ်ခေါ်ခဲ့ကြသောအရာများသည် အဘယ်မှာနည်း။ ထိုအခါ ၎င်းတို့က ထိုအရာများသည် ကျွန်ုပ်တို့ထံမှ ပျောက်ကွယ်သွားကြလေပြီဟု ဖြေကြားကြမည်။ ၎င်းပြင် ထိုသူများသည် မိမိတို့နှင့်ဆန့်ကျင်၍ကျွန်ုပ်တို့သည် ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သူများဖြစ်ကြပါသ် ဟူ၍လည်း သက်သေခံကြလိမ့်မည်။

Choose other languages: