Quran Apps in many lanuages:

Surah Al-Araf Ayah #38 Translated in Burmese

قَالَ ادْخُلُوا فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِكُمْ مِنَ الْجِنِّ وَالْإِنْسِ فِي النَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌ لَعَنَتْ أُخْتَهَا ۖ حَتَّىٰ إِذَا ادَّارَكُوا فِيهَا جَمِيعًا قَالَتْ أُخْرَاهُمْ لِأُولَاهُمْ رَبَّنَا هَٰؤُلَاءِ أَضَلُّونَا فَآتِهِمْ عَذَابًا ضِعْفًا مِنَ النَّارِ ۖ قَالَ لِكُلٍّ ضِعْفٌ وَلَٰكِنْ لَا تَعْلَمُونَ
(အလ္လာဟ်)အရှင်မြတ်သည် (ရှင်ပြန်ထမည့် နေ့တွင် ၎င်းတို့အား) အသင်တို့ မိမိတို့အလျင် လွန်လေပြီးသောကာဖိရ်ဖြစ်သောဂျင်(န်)နှင့် လူအုပ်စုများ နှင့်အတူ ဂျ�န္နမ်ငရဲဘုံသို့) လားကြလေကုန်ဟု မိန့်ကြားတော်မူအံ့။ မည်သည့်အခါမဆို အုပ်စုတစ်စုသည် (ဂျဟန္နမ်ငရဲဘုံသို့) ဝင်ရောက်လျှင်မိမိတို့နှင့် ဘာသာဝါဒတူ (အသွင်တူ) အုပ်စုအချင်းချင်းအားကျိန်ဆဲကြလတ္တံ့။ နောက်ဆုံးတွင် ထိုဂျဟန္နမ် ငရဲဘုံ၌ (အုပ်စု)အားလုံးစုမိကြသောအခါ ၎င်းတို့အနက်မှ နောင်လာနောင်သားများက မိမိတို့အနက်မှ ရှေးလူတို့နှင့် ပတ်သက်၍ အိုကျွန်တော်မျိုးတို့၏အရှင်မြတ်၊ ဤသူတို့သည်ပင်လျှင် ကျွန်တော်မျိုးတို့အား လမ်းလွဲ စေခဲ့ကြပါသဖြင့် အရှင်မြတ်သည်၎င်းတို့အား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ဆထက်ထမ်းပိုးတိုး၍ပေးတော်မူပါ ဟု လျှောက်ထားကြလတ္တံ့။ ထိုအခါ အရှင်မြတ်ကဆထက်ထမ်းပိုးပြစ်ဒဏ်သည်(အသင်တို့)အသီးသီးတို့၌ရှိ၏။သို့ရာတွင် အသင်တို့သည် မသိကြချေဟု မိန့်ကြားတော်မူအံ့။

Choose other languages: