Quran Apps in many lanuages:

Surah Al-Araf Ayah #73 Translated in Burmese

وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُمْ بَيِّنَةٌ مِنْ رَبِّكُمْ ۖ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً ۖ فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ ۖ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကိုသားချင်းဖြစ်သော (နဗီတမန်တော်) ဆွာလိဟ် အား (စေလွှတ်တော်မူခဲ့လေသည်)။ထိုအခါ ယင်း(နဗီတမန်တော် ဆွာလိဟ်က (မိမိ၏အမျိုးသားတို့အား) အို-ငါ၏ အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်(တစ်ဆူတည်းကိုသာလျှင်)ခဝပ်ကိုးကွယ်ကြလေကုန်။(စင်စစ်တမူကား) အသင်တို့၌ ထိုအရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ ဧကန်စင်စစ် အသင်တို့ထံ အသင်တို့၏အရှင်မြတ် အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် ရောက်ရှိခဲ့ချေပြီ။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မပင်ဖြစ်သည်။ အသင်တို့အဖို့လက္ခဏာတစ်ရပ်အဖြစ် (စေလွှတ်တော်မူ�။) သို့ဖြစ်ရာအသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်ဝယ် စားသောက်(သွားလာ)ရန် လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုကုလားအုတ်မကိုမကောင်းသောစေတနာနှင့် မထိကြကုန်လင့်။ သို့မဟုတ်လျှင်ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးကွပ်မျက်လိမ့်မည် ဟု ပြောကြားတော်မူခဲ့လေသတည်း။

Choose other languages: