Surah Al-Baqara Ayah #102 Translated in Burmese
وَاتَّبَعُوا مَا تَتْلُو الشَّيَاطِينُ عَلَىٰ مُلْكِ سُلَيْمَانَ ۖ وَمَا كَفَرَ سُلَيْمَانُ وَلَٰكِنَّ الشَّيَاطِينَ كَفَرُوا يُعَلِّمُونَ النَّاسَ السِّحْرَ وَمَا أُنْزِلَ عَلَى الْمَلَكَيْنِ بِبَابِلَ هَارُوتَ وَمَارُوتَ ۚ وَمَا يُعَلِّمَانِ مِنْ أَحَدٍ حَتَّىٰ يَقُولَا إِنَّمَا نَحْنُ فِتْنَةٌ فَلَا تَكْفُرْ ۖ فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِ بَيْنَ الْمَرْءِ وَزَوْجِهِ ۚ وَمَا هُمْ بِضَارِّينَ بِهِ مِنْ أَحَدٍ إِلَّا بِإِذْنِ اللَّهِ ۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ ۚ وَلَقَدْ عَلِمُوا لَمَنِ اشْتَرَاهُ مَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ ۚ وَلَبِئْسَ مَا شَرَوْا بِهِ أَنْفُسَهُمْ ۚ لَوْ كَانُوا يَعْلَمُونَ

ထိုမျှမက (အသိအလိမ္မာ ကင်းမဲ့ကြကုန်သောယင်း ယဟူဒီဘာသာဝင်တို့သည် အလ္လာဟ် အရှင်မြတ် ၏ဓမ္မဒေသနာတော်ကို မလိုက်နာကြဘဲလျက်) နဗီ တမန်တော် စုလိုင်မာန်(အ) စိုးမိုးအုပ်ချုပ် မင်းပြုလုပ် နေသောအခါဝယ် ရှိုင်တွာန်များရွတ်ဘတ်သရဇ္ဈာယ် ကြလေသော စုန်းပယောဂ အတတ်ကိုသာ ဆည်းပူး လိုက်စားကြကုန်၏။ [ဤတွင်မျှမကသေး၊ အချို့ သော လူ့ဗာလတို့သည် နဗီတမန်တော် စုလိုင်မာန်(အ)သည် ကာဖိရ်အယူကို လိုက်စားသည် ဟူ၍ပင်စွပ်စွဲခဲ့ကြသည်)ကိုပင် မိစ္ဆာဒိဋ္ဌိအယူကို လိုက်စားသည်ဟုစွပ်စွဲကြ သည်။] စင်စစ်တမူကား နဗီတမန်တော် စုလိုင်မာန်(အ)သည် မည်သည့်အခါမျှ ကာဖိရ်အယူကို လိုက် စားခဲ့သည်မဟုတ်ချေ၊ သို့ရာတွင် ထိုရှိုင်တွာန်တို့ သာလျှင် ကာဖိရ်အယူကိုလိုက်စားကြခဲ့၏။ ယင်း ရှိုင်တွာန်တို့သည်ပင်လျှင် စုန်းပယောဂအတတ်ကို လူတို့အား သင်ကြားပြသပေးကြလေသည်။ ထို့ပြင်တဝ (ယင်းယဟူဒီဘာသာဝင်တို့သည်) ဗာဗိလုံမြို့ရှိ အပါးတော်စေတမန် နှစ်ပါးဖြစ်သော ဟာရူတ်နှင့် မာရူတ်တို့ အပေါ်ဝယ် ကျရောက်သည့် စုန်းပယောဂ အတတ်ကိုလည်း လိုက်နာဆည်းပူးကြလေသည်။ ထိုအပါးတော်စေတမန် နှစ်ပါးတို့သည်(မိမိ တို့ထံကျရောက်သော စုန်းပယောဂ အတတ်များကို)မည်သူတစ်ဦးကိုမျှ သင်ကြားပေးလေ့မရှိ။ (သင်ကြားပို့ချပေးပါရန် တောင်းဆို လျှောက်ထားလာသူတို့ကို အိုအချင်းတို့) အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ (အသင်တို့အဘို့) အစမ်းအသပ်တစ်ရပ်အဖြစ်နှင့်သာလျှင် ဆင်းသက်ရောက်ရှိ လာကြသည်။ အသင်တို့သည်(ဤစုန်းပယောဂ အတတ်ကို ဆည်းပူးလေ့လာပြီး) ကာဖိရ်အယူကို မလိုက်စားကြကုန်လင့် (ဟု သွန်သင်ဆုံးမ၍ မြစ်တားကြလေသည်)။သို့မြစ်တားငြားသော်လည်း ယင်းသူ တို့သည်ထိုအပါးတော်စေတမန်နှစ်ပါးတို့ထံမှ ဇနီးမောင်နှံနှစ်ဦးကိုပြတ်စဲစေသောအတတ်ကို နည်းခံသင်ယူကြကုန်၏။ စင်စစ်ဆိုသော် ထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏အလိုတော်မရှိဘဲလျက်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအတတ်ဖြင့်ဘေးအန္တရာယ်မပြုနိုင်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့အား အကျိုးကျေးဇူးမဖြစ်ထွန်းစေဘဲ အကျိုးယုတ်နစ်နာစေတတ်သော စုန်းပယောဂအတတ် ကိုသာ �ည်းခံသင်ယူကြလေသည်။ စင်စစ်အားဖြင့် (ထိုကဲ့သို့)အလ္လာဟ် အရှင်မြတ်၏ ကျမ်းမြတ်ဒေသနာ တော်ကို ပစ်ပယ်၍ စုန်းပယောဂအတတ်ကို လေ့လာ ဆည်းပူးသူများအဘို့အရာ နောင်တမလွန်ဘဝတွင် ကုသိုလ်အကျိုး ဝေစုဝေပုံ မရရှိနိုင်ကြောင်းကိုလည်းယင်းယဟူဒီဘာသာဝင်တို့သည် အသိပင်ဖြစ်ကြသည်။ ထိုယဟူဒီများသည် မိမိတို့အသက်နှင့်ပင် လဲလှယ်၍ လေ့လာလိုက်စားဆည်းပူးထားသော ထို စုန်းပယောဂ အတတ်များသည် ဆိုးယုတ်သိမ်ဖျင်း လှစွာတကား၊ ထိုသူတို့သည် (မိမိတို့၏ဘဝ ဖြစ်အင်ကို) သိကြပါလျှင် ကောင်းလေစွ။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba