Quran Apps in many lanuages:

Surah Al-Baqara Ayah #113 Translated in Burmese

وَقَالَتِ الْيَهُودُ لَيْسَتِ النَّصَارَىٰ عَلَىٰ شَيْءٍ وَقَالَتِ النَّصَارَىٰ لَيْسَتِ الْيَهُودُ عَلَىٰ شَيْءٍ وَهُمْ يَتْلُونَ الْكِتَابَ ۗ كَذَٰلِكَ قَالَ الَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَاللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ယဟူဒီတို့က ခရစ်ယာန်တို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ တည်ရှိနေကြသည်မဟုတ် ဟူ၍လည်းကောင်း၊ ထိုနည်းတူစွာ ခရစ်ယာန်တို့ကလည်း ယဟူဒီဘာသာဝင် တို့သည် မည်သည့် အခြေခံတရား ပေါ်၌မျှ တည်ရှိနေကြသည် မဟုတ်ဟူ၍လည်ကောင်း၊ (တစ်စုကိုတစ်စုပုတ်ခတ်) ပြောဆိုကြကုန်၏။ စင်စစ် တမူကား ယင်းသူတို့နှစ်စု စလုံးသည် (အလ္လာဟ် အရှင်မြတ်အထံတော်မှ ထုတ်ပြန်ပို့ချသော တဆူ တည်းသော) ကျမ်းဂန်ကိုပင် ရွတ်ဖတ်သရဇ္ဈာယ် လျက်ရှိကြကုန်၏။ ဤကဲ့သို့ ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ပြောဆိုကြသကဲ့သို့ပင် သာသနာရေး၌ တတ်သိလိမ္မာခြင်းမရှိသော ပညာမဲ့သူတို့ ကလည်း(အစ္စလာမ်သာသနာသည် အခြေအမြစ်မရှိသော သာသနာဖြစ်သည်ဟူ၍) ပြောဆိုကြလေသည်။ သို့ဖြစ်ရာ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့၌ ယင်းသူတို့ ငြင်းခုံလျက်ရှိသော ပြဿနာရပ် အကြောင်းခြင်းရာ များကို (မျက်ဝါးထင်ထင် ပေါ်လွင်ထင်ရှားစွာ) စီရင် ဆုံးဖြတ် အမိန့်ချမှတ်တော်မူအံ့။

Choose other languages: