Quran Apps in many lanuages:

Surah Al-Baqara Ayah #118 Translated in Burmese

وَقَالَ الَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا اللَّهُ أَوْ تَأْتِينَا آيَةٌ ۗ كَذَٰلِكَ قَالَ الَّذِينَ مِنْ قَبْلِهِمْ مِثْلَ قَوْلِهِمْ ۘ تَشَابَهَتْ قُلُوبُهُمْ ۗ قَدْ بَيَّنَّا الْآيَاتِ لِقَوْمٍ يُوقِنُونَ
(အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့ကို တရားတော်အတိုင်း လိုက်နာကျင့်စေ လိုပါလျှင်) အဘယ်ကြောင့် ထိုအသျှင်မြတ်သည် ကျွန်ုပ်တို့နှင့် တိုက်ရိုက စကားမပြောကြားပါသနည်း၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ထံသို့ (ထင်ရှားပေါ်လွင်သော) သက်သေလက္ခဏာ တစ်စုံတစ်ခုကို မပို့ချပါသနည်းဟု အသိတရား ကင်းမဲ့သောသူများက ပြောဆိုကြကုန်၏။ ထိုနည်းတူစွာ ယင်းသူတို့၏အထက် အဆက်ဆက်က ဖြစ်ခဲ့ဘူးသော ရှေးသူမိုက်တို့ကလည်း ဤသူများပြောဆိုကြသကဲ့သို့ပင် ပြောဆိုခဲ့ကြလေပြီ၊ ယင်းသူတို့အားလုံး၏စိတ်နှလုံးများသည် (အသိအလိမ္မာကင်းမဲ့ရာ၌ လည်းကောင်း၊ မောက်မာပလွှားရာ၌ လည်းကောင်း) ထပ်တူထပ်မျှပင် ဖြစ်ချေသည်။ ဧကန်ဆတ်ဆတ် ငါအရှင်မြတ်သည် ယုံကြည်လိုကြကုန်သော သူတို့အဘို့အရာ (အသင်၏ တမန်တော်ဖြစ်ကြောင်း နှင့်စပ်လျဉ်း၍) မြောက်မြားစွာသော ထောက်ခံချက်သက်သေ လက္ခဏရပ် တို့ကို ရှင်းလင်းထင်ရှားစွာ ဖော်ပြထား တော်မူပြီး ဖြစ်လေသည်။

Choose other languages: