Quran Apps in many lanuages:

Surah Al-Baqara Ayah #119 Translated in Burmese

إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۖ وَلَا تُسْأَلُ عَنْ أَصْحَابِ الْجَحِيمِ
(အလ္လာဟ် အရှင်မြတ်အဘို့မှာ ထိုအသိတရားကင်းမဲ့သူများနှင့် တိုက်ရိုက်စကားပြောရန်လည်းမလို၊ ယင်းသူတို့ထံ အထူးတလည် သက်သေလက္ခဏာများ ပို့ချရန်လည်း အကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူ) ဧကန်အမှန် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်)အား (ခပ်သိမ်းကုန်သောသတ္တဝါတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးရန်) မှန်ကန်သော တရားတော် နှင့်(ယုံကြည်လိုက်နာသူတို့ကို အကျိုးဆုလာဘ်များ ရရှိမည့် အကြောင်း) ဝမ်းမြောက်ဘွယ်ရာသော မင်္ဂလာသတင်း ပြောကြားသူအဖြစ်လည်းကောင်း၊ (မယုံမကြည် သွေဖည်ငြင်းဆန်သူတို့အား ပြစ်ဒဏ်များခံ စားရမည့်အကြောင်းကို) သတိပေး နှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူလေသတည်း။ သို့သော် (မိမိတို့ ကံကြမ္မာအားဖြင့် ငရဲလား ကြကုန်သော) ငရဲသားများ နှင့်ပတ်သက်၍ အသင်သည် (မည်သို့မျှပင် အပြစ်တင်) စောကြောစစ်ဆေး မေးမြန်ခြင်းကို ခံရမည်မဟုတ်ပေ။

Choose other languages: