Quran Apps in many lanuages:

Surah Al-Baqara Ayah #143 Translated in Burmese

وَكَذَٰلِكَ جَعَلْنَاكُمْ أُمَّةً وَسَطًا لِتَكُونُوا شُهَدَاءَ عَلَى النَّاسِ وَيَكُونَ الرَّسُولُ عَلَيْكُمْ شَهِيدًا ۗ وَمَا جَعَلْنَا الْقِبْلَةَ الَّتِي كُنْتَ عَلَيْهَا إِلَّا لِنَعْلَمَ مَنْ يَتَّبِعُ الرَّسُولَ مِمَّنْ يَنْقَلِبُ عَلَىٰ عَقِبَيْهِ ۚ وَإِنْ كَانَتْ لَكَبِيرَةً إِلَّا عَلَى الَّذِينَ هَدَى اللَّهُ ۗ وَمَا كَانَ اللَّهُ لِيُضِيعَ إِيمَانَكُمْ ۚ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَحِيمٌ
ထို့ပြင် ဤနည်းနှင်နှင် ငါအသျှင်မြတ်သည် အသင်တို့ကိုလည်း အလယ်အလတ် (တရားမျှတသော အမြင့်မြတ်ဆုံးသော) သာသနာဝင်များအဖြစ် ပြုတော်မူ ခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အသိသက်သေများ ဖြစ်စေအံ့သောငှာလ ည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်) သည် လည်း အသင်တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာ လည်း ကောင်း၊(ပြုတော်မူခြင်းပင်) ဖြစ်လေသည်။ စင်စစ် ငါအရှင် မြတ်သည် အသင်(နဂိုမူလက) မျက်နှာမူခဲ့ဘူးသည့် ကစ်ဗ်လဟ် (ဝါ) ဗိုင်တုလ်မုကဒ္ဒတ်စ် ကို (ကစ်ဗ်လဟ်အဖြစ်ယာယီအား ဖြင့်) ထားရှိတော် မူခဲ့ခြင်း အကြောင်းမှာ (နောင်အနာဂတ်တွင် ကစ်ဗ်လဟ် မျက်နှာမူရာ ကအ်ဗဟ် ဘက်သို့ ပြောင်းလွှဲ သောအခါ) ရစူလ်တမန်တော်၏ အမိန့်ကို လိုက်နာသောသူနှင့် မိမိတို့ခြေဖနောင့် ဘက်သို့ ပြန်လှည့်သွားသူတို့ကို (ခွဲခြား) သိတော် မူရန်သာ ဖြစ်ချေသည်။ စင်စစ်သော်ကား (ကစ်ဗ်လဟ် ပြောင်းလွှဲရန် အမိန့်တော်သည်) အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ညွှန်ကြားပြသ (ပို့ဆောင်) တော်မူခြင်းကို ခံရသူတို့ မှအပ (အခြားသူတို့ အဘို့လိုက်နာရန်) အလွန်ပင် ခဲယဉ်းလှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ယုံကြည်ခြင်း သဒ္ဓါတရား [(ဝါ) မူလ ကစ်ဗ်လဟ်ဘက်သို့ မျက် နှာမူ၍ ဆွလာတ် ဝတ်ပြုခဲ့ကြသည်] ကို အချည်းနှီး အကျိုးမဲ့ ဖြစ်စိမ့် သောငှာ (ဤသို့ပြောင်းလွှဲရန် အမိန့်ထုတ်ပြန်တော်မူသည်) မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် လူခပ်သိမ်းတို့ အပေါ်ဝယ် စင်စစ် နူးညံ့သိမ်မွေ့တော် မူထသောအရှင်၊ မပြတ်မစဲ သနားညှာတာတော် မူထသောအရှင်၊ ဖြစ်တော်မူ ပေသတည်း။

Choose other languages: