Quran Apps in many lanuages:

Surah Al-Baqara Ayah #144 Translated in Burmese

قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِي السَّمَاءِ ۖ فَلَنُوَلِّيَنَّكَ قِبْلَةً تَرْضَاهَا ۚ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ ۗ وَإِنَّ الَّذِينَ أُوتُوا الْكِتَابَ لَيَعْلَمُونَ أَنَّهُ الْحَقُّ مِنْ رَبِّهِمْ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا يَعْمَلُونَ
အသင်သည် (မိမိစိတ်တွင်းဝယ် ဆွလာတ် ဝတ်ပြုရာ၌ မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ်စေလို၍ အလ္လာဟ်အရှင်မြတ် အထံတော်မှ အမိန့်တော်ကို မျှော်လင့် လျက်) မိုးကောင်းကင်သို့ အကြိမ်ကြိမ် မျက်နှာမော်၍ ကြည့်နေသည်ကို ငါအရှင် မြတ်သည် မုချ မြင်တော်မူသည်ဖြစ်လေရာ အသင်နှစ်သက်လေသော ကစ်ဗ်လဟ် ဘက်သို့ အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေး တော်မူအံ့။ သို့ဖြစ်ရာ (အို-နဗီတမန်တော်) အသင်သည် မိမိ၏မျက်နှာကို (ယခုချိန်မှစ၍ ဆွလာတ်ဝတ်ပြုရာတွင်) မတ်စ်ဂျိဒေဟရာမ် (ဝါ) ကအ်ဗဟ်ကျောင်းတော်ဘက် သို့လှည့်ပါလေ။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် နေရာ (အရပ်ဒေသ) ၌ပင် ရှိနေစေကာမူ (ဆွလာတ်ဝတ်ပြုသောအခါ) ယင်း (မတ်စ် ဂျိဒေ့ဟရာမ်) ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြကုန်လော့။ အမှန်စင်စစ် (အလ္လာဟ်အသျှင်မြတ်ထံမှ) ကျမ်းဂန်ရသော သူတို့သည်(လည်း) ထို (မတ်စ်ဂျိဒေ့ဟရာမ် ရှိရာဘက်သို့ မျက်နှာမူရန် အမိန့်တော်သည်) မိမိတို့အား မွေးမြူ တော်မူသော (အလ္လာဟ်) အရှင်မြတ်အထံတော်မှ ကျရောက်၍ မှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်ဟု မုချအမှန် သိရှိကြကုန် ၏။ (သို့ရာတွင် မနာလိုမုန်းထားသော သဘောဖြ�့်သာလျှင် မထီမဲ့မြင် ပြုကြလေသတည်း)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့ ပြုမူကျင့်ကြံလေသော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အသျှင် မဟုတ်ပေ။

Choose other languages: