Quran Apps in many lanuages:

Surah Al-Baqara Ayah #196 Translated in Burmese

وَأَتِمُّوا الْحَجَّ وَالْعُمْرَةَ لِلَّهِ ۚ فَإِنْ أُحْصِرْتُمْ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۖ وَلَا تَحْلِقُوا رُءُوسَكُمْ حَتَّىٰ يَبْلُغَ الْهَدْيُ مَحِلَّهُ ۚ فَمَنْ كَانَ مِنْكُمْ مَرِيضًا أَوْ بِهِ أَذًى مِنْ رَأْسِهِ فَفِدْيَةٌ مِنْ صِيَامٍ أَوْ صَدَقَةٍ أَوْ نُسُكٍ ۚ فَإِذَا أَمِنْتُمْ فَمَنْ تَمَتَّعَ بِالْعُمْرَةِ إِلَى الْحَجِّ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۚ فَمَنْ لَمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ فِي الْحَجِّ وَسَبْعَةٍ إِذَا رَجَعْتُمْ ۗ تِلْكَ عَشَرَةٌ كَامِلَةٌ ۗ ذَٰلِكَ لِمَنْ لَمْ يَكُنْ أَهْلُهُ حَاضِرِي الْمَسْجِدِ الْحَرَامِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
ထိုမှတပါး အသင်တို့သည် ဟဂျ် နှင့် အုမ်ရဟ် ကို အလ္လာဟ်အရှင်ကိုသာလျှင် ရည်စူး၍ ပြည့်စုံပြီးစီးအောင် ပြုကြလေကုန်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် (အကြောင်းတစ်စုံတစ်ခုကြောင့် မက္ကာမြို့တော်သို့) မရောက် နိုင်ကြပါမူ ကုရ်ဗာနီသားကောင်များအနက်မှ လွယ်လင့်တကူ ရရှိသော သားကောင်ကိုပင် (အလ္လာဟ် အရှင်မြတ်၏နာမံ တော်နှင့် ကုရ်ဗာန် ပြုကြကုန်လော့)။ ထို့ပြင်တဝ ကုရ်ဗာနီ သားကောင်သည် မိမိ၏ရောက်သင့်ရာစခန်းဖြစ်သော (မိနာ) သို့ မရောက်မီ ကာလအတွင်း အသင်တို့သည် မိမိ��ို့ ဦးခေါင်းများကို မရိတ်ကြနှင့်။ သို့ရာတွင် အသင် တို့အနက်မှ တစ်ဦး တစ်ယောက်သည် နာမကျန်း ဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ထိုသူ၏ဦးခေါင်း၌ တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်ခဲ့ သော် ထိုသူသည် ဥပုသ်သီတင်း ဆောက်တည်ခြင်းအားဖြင့် သော်လည်းကောင်း၊ (သူဆင်းရဲတို့အားစားသောက် ဘွယ်ရာ များကို) ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း၊ (သား ကောင်ကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်) လှီးဖြတ်ခြင်း အားဖြင့်သော် လည်းကောင်း အစားပေးကြရမည်။ တစ်ဖန် အသင်တို့သည် ဘေးရန်ခပ်သိမ်းကင်း ငြိမ်း၍ စိတ်အေးချမ်းသာ ရှိကြသောအခါ အုမ်ရဟ်ကို ဟဂျ်နှင့် တွဲ၍ အကျိုးခံစားသူသည်လည်း မိမိ တတ်စွမ်းနိုင်သော ကုရ်ဗာနီသားကောင်(ကိုအလ္လာဟ် အရှင်မြတ်၏နာမံတော်နှင့် လှီးဖြတ်ရပေမည်)။ သို့သော် ကုရ်ဗာနီသားကောင် မရရှိ သောသူသည် ဟဂျ်ရက်များအတွင်းတွင် သုံးရက်၊ (ဟဂျ်ပြုပြီး မိမိတို့မြို့ရွာများသို့) ပြန်လည်ရောက်ရှိသောအခါ ခုနစ်ရက် ဥပုသ်သီလ ဆောက်တည်ရမည်။ ဤသည် (သုံးရက်နှင့် ခုနစ် ရက်ပေါင်း) ဆယ်ရက်တိတိဖြစ်၏။ ထို(ကဲ့သို့ အုမ်ရဟ်နှင့် ဟဂျ် ကို ပေါင်းစပ်၍ပြုရန်) အမိန့်တော်သည် ရိုသေကိုင်းညွှတ် ထိုက်သော (ကအ်ဗဟ်) ဗလီကျောင်းတော်၏ အနီးအပါး [(ဝါ) မက္ကဟ်မြို့တော်] ၌ အိမ်ထောင်သားစုမရှိသော (အရပ်တစ်ပါးမှ လာကြကုန်သော) သူတို့အဖို့သာတည်း။ ထို့ပြင်တဝ အသင်တို့ သည် (ဤအမိန့်တော် ရပ်များကို လိုက်နာ ကျင့်မူကြရာ၌) အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကာ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်လော့။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည်(ပြစ်မှုကျူးလွန်သူတို့အား) ပြင်းပြစွာ အပြစ်ဒဏ်ပေးတော်မူမည့်အရှင် ဖြစ်တော် မူသည်ကို သင်တို့မှတ်ယူကြကုန်။

Choose other languages:

0:00 0:00
Al-Baqara : 196
Mishari Rashid al-`Afasy