Quran Apps in many lanuages:

Surah Al-Baqara Ayah #203 Translated in Burmese

وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَعْدُودَاتٍ ۚ فَمَنْ تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَنْ تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ
ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။

Choose other languages: