Quran Apps in many lanuages:

Surah Al-Baqara Ayah #213 Translated in Burmese

كَانَ النَّاسُ أُمَّةً وَاحِدَةً فَبَعَثَ اللَّهُ النَّبِيِّينَ مُبَشِّرِينَ وَمُنْذِرِينَ وَأَنْزَلَ مَعَهُمُ الْكِتَابَ بِالْحَقِّ لِيَحْكُمَ بَيْنَ النَّاسِ فِيمَا اخْتَلَفُوا فِيهِ ۚ وَمَا اخْتَلَفَ فِيهِ إِلَّا الَّذِينَ أُوتُوهُ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ بَغْيًا بَيْنَهُمْ ۖ فَهَدَى اللَّهُ الَّذِينَ آمَنُوا لِمَا اخْتَلَفُوا فِيهِ مِنَ الْحَقِّ بِإِذْنِهِ ۗ وَاللَّهُ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
လူသားအားလုံးတို့သည် (မူလက)တစ်သင်းတစ် ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ အဓွန့်ကာလရှည်ကြာ လတ်သော် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော် များ ကို (အမိန့်တော်နာခံသူများအဖို့) ပီတိသောမနဿ ဝမ်း မြောက်ဖွယ်ရာမင်္ဂလာသတင်း ပေးပို့သူများအဖြစ်ဖြင့်လည်း ကောင်း၊ (မနာခံသူများအား) သတိပေးနှိုးဆော်သော သူများ အဖြစ်ဖြင့်လည်းကောင်း၊ စေလွှတ်တော်မူလေသည်။ ထို့ပြင် တဝ လူသားတို့အချင်းချင်း ကွဲပြားလျက်ရှိသော ပြဿနာရပ် များကို စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အလ္လာဟ်အရှင် မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်း ဂန် အသီးသီးတို့ကိုလည်း ထုတ်ပြန်ချမှတ် ပေးအပ်တော်မူ လေသည်။ ထိုကျမ်းဂန်နှင့် စပ်လျဉ်း ၍ကား (မည်သူတစ်ဦး တစ်ယောက်မျှ) ကွဲပြားသည် မရှိ�ျေ။ ထိုကျမ်းဂန်ကို ရရှိ သောသူများသာလျှင် မိမိတို့ထံ ထင်ရှားသော အမှတ်အသား လက္ခဏာ တော်များရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့ အချင်းချင်း မလိုမုန်းထား ထောင်လွှားခြင်းကြောင့် ထိုကျမ်း ဂန်နှင့်စပ်လျဉ်း၍ ကွဲပြားလာကြလေ၏။ ထိုအခါ (နောက်ဆုံး ၌) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ဖြင့် လူသားတို့ ကွဲပြားလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကုန်သော မုအ်မင်တို့အား တရားမှန်ကို ညွှန် ကြားပြသတော်မူလေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် မိမိနှစ်မြို့တော်မူသောသူတို့ကို ဖြောင့်မတ်မှန်ကန် သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူလေသတည်း။

Choose other languages: