Quran Apps in many lanuages:

Surah Al-Baqara Ayah #214 Translated in Burmese

أَمْ حَسِبْتُمْ أَنْ تَدْخُلُوا الْجَنَّةَ وَلَمَّا يَأْتِكُمْ مَثَلُ الَّذِينَ خَلَوْا مِنْ قَبْلِكُمْ ۖ مَسَّتْهُمُ الْبَأْسَاءُ وَالضَّرَّاءُ وَزُلْزِلُوا حَتَّىٰ يَقُولَ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ مَتَىٰ نَصْرُ اللَّهِ ۗ أَلَا إِنَّ نَصْرَ اللَّهِ قَرِيبٌ
(အို-မုအ်မင်န်အပေါင်းတို့) အသင်တို့သည် ဂျန္နတ် အမတသုခဘုံသို့ (လွယ်လင့်တကူ) ဝင်ကြရလိမ့်မည် ဟုမှတ်ထင်ကြလေသလော။ (ယခုမူ) အသင်တို့အလျင်လွန် လေပြီးသော သူမွန်သူမြတ်တို့ထံသို့ သက်ရောက်ခဲ့ဘူး သော အံ့ဩဘွယ်ရာ အဖြစ်အပျက်သည် အသင်တို့ထံသို့ သက် ရောက်သည် မရှိသေးချေ။ ထိုသူမွန်သူမြတ်တို့ အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ထိုသူမွန်သူမြတ်တို့အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ဘေးဥပဒ်အဖုံဖုံတို့သည် ဆိုက်ရောက်ခဲ့ ပေသည်။ (ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကြောင့်) ထိုသူမွန်သူမြတ်တို့သည် တုန်လှုပ် ချောက် ချားခဲ့ကြရပေသည်။ (နောက်ဆုံးတွင်) နဗီတမန်တော်နှင့် နောက်ပါတပည့်သားများဖြစ်ကြကုန်သော မုအ်မင်န် တို့ သည်ပင် (ထိတ်ထိတ်လန့်လန့် ဖြစ်ကာ) အလ္လာဟ် အရှင်မြတ် ၏ ကူညီစောင်မတော်မူခြင်းသည် မည်သည့်အခါ၌ ရောက်ရှိ ပါအံ့နည်းဟု ပြောဆိုကြလေသည်။ (သို့ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရ သောအခါ၌ အလ္လာဟ် အရှင်မြတ်က) သတိပြုကြ ကုန်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်၏ စောင်မတော်မူခြင်း သည် နီးကပ်လျက် ရှိချေပြီ (ဟု မိန့်ကြားတော်မူလေသတည်း)

Choose other languages: