Quran Apps in many lanuages:

Surah Al-Baqara Ayah #215 Translated in Burmese

يَسْأَلُونَكَ مَاذَا يُنْفِقُونَ ۖ قُلْ مَا أَنْفَقْتُمْ مِنْ خَيْرٍ فَلِلْوَالِدَيْنِ وَالْأَقْرَبِينَ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အို-နဗီတမန်တော်)အချို့သောသူများသည်(ကု သိုလ်အကျိုးငှာ)မည်သည့်အရာဝတ္ထုကို(မည်သည့်နေရာ၌)လှူဒါန်း ပေးကမ်း သုံးစွဲကြရပါမည်နည်းဟု အသင့်ကိုမေးမြန်း ကြရာ အသင်သည် (ယင်းသူတို့အား) အသင်တို့သည် (မိမိတို့နှစ် သက်ရာကို) ပေးကမ်းလှူဒါန်းနိုင်ကြပေသည်။ သို့ရာတွင် မိဘ နှစ်ပါးတို့အဖို့လည်းကောင်း၊ ဆွေမျိုးနီးစပ်သောသူတို့ အဖို့ လည်းကောင်း၊ ဖသက်ဆိုးတို့အဖို့လည်းကောင်း၊ သူဆင်း ရဲတို့ အဖို့လည်းကောင်း၊ ခရီးသည်အာဂန္တု (များ)အဖို့လည်းကောင်း (သုံးစွဲ လှူဒါန်းခြင်းသည် ပိုမိုသင့်မြတ်လှပေသည်)။ အမှန်စင်စစ် အသင်တို့သည် မည်သည့်ကောင်းမှုကုသိုလ်မျိုးကိုမဆိုပြုလုပ် ကြပါမူ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထိုပြုလုပ်သမျှ သော ကောင်းမှုကုသိုလ်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟု ဖြေကြားပါလေ။

Choose other languages: