Quran Apps in many lanuages:

Surah Al-Baqara Ayah #219 Translated in Burmese

يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِنْ نَفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنْفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
(အို-နဗီတမန်တော်) အချို့သောသူတို့သည် သုရာမေရယ အရက်သေစာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လောင်းတမ်းကစားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသင့် ထံ(လာရောက်)မေးမြန်းကြလေသည်။ အသင်သည် (ယင်းသူ တို့အား အို-အချင်းတို့) ထို (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်း)နှစ်မျိုးလုံးတို့၌ ကြီးလေးသောအပြစ် များသည်လည်းရှိ၏။ လူတို့အဘို့ရာ(အနည်းငယ်သော) အကျိုးကျေးဇူးများသည်လည်းရှိ၏။ သို့ရာတွင် ယင်းအမှု နှစ်မျိုးလုံး ၏အပြစ်များသည် ထိုအမှုနှစ်မျိုးလုံး၏ အကျိုးကျေး ဇူးထက် အလွန်ကြီးလေးပေသည်ဟု ဖြေကြားပါလေ။ ထို မှတစ်ပါးတုံ ယင်းသူတို့သည်(ကုသိုလ်အကျိုးငှာ)မည်မျှလောက် သော ဝတ္ထုပစ္စည်းများကို ပေးကမ်း လှူဒါန်း ရပါမည် နည်း ဟုအသင့်ထံ လာရောက်မေးမြန်းကြပြန်ရာ အသင်သည်(ယင်း သူတို့အား အို-အချင်းတို့ အသင်တို့သည် မိမိတို့အဖို့ လိုအပ် သည်ထက်) ပိုလျှံသောပစ္စည်းများ (အနက်မှ စွမ်းအား ရှိသမျှကို ပေးကမ်းလှူဒါန်းနိုင်ကြသည်) ဟုဖြေကြား ပါလေ။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် ဒေသနာ တော်များကို အသင်တို့အားလိုက် နာကျင့်ဆောင်နိုင်ကြရန် ရှင်းလင်းထင်ရှားစွာ မိန့်ကြားတော်မူသည်။ သို့မှသာလျှင် အသင်တို့သည်(လောကီနှင့်လော ကုတ္တ ရာရေး တို့ကိုကောင်း စွာ)စဉ်းစားဆင်ခြင်ကြ တန်ရာသတည်း။

Choose other languages: