Quran Apps in many lanuages:

Surah Al-Baqara Ayah #220 Translated in Burmese

فِي الدُّنْيَا وَالْآخِرَةِ ۗ وَيَسْأَلُونَكَ عَنِ الْيَتَامَىٰ ۖ قُلْ إِصْلَاحٌ لَهُمْ خَيْرٌ ۖ وَإِنْ تُخَالِطُوهُمْ فَإِخْوَانُكُمْ ۚ وَاللَّهُ يَعْلَمُ الْمُفْسِدَ مِنَ الْمُصْلِحِ ۚ وَلَوْ شَاءَ اللَّهُ لَأَعْنَتَكُمْ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ဤပစ္စုပ္ပန်ဘဝနှင့် နောင်တမလွန်ဘဝ (၏ ကိစ္စအဝဝတို့)နှင့်စပ်လျဉ်း၍။ ထို့ပြင်တဝ(အို-နဗီတမန်တော်) ယင်းသူတို့သည် အသင့်ကို ဖမဲ့ကလေးသူငယ်များနှင့် ပတ်သက် ၍လည်း(လာရောက်)မေးမြန်းကြ၏။ အသင်သည် ယင်းသူတို့ ကို (ဤသို့) ဖြေကြားပါလေ။ ထိုဖမဲ့ကလေးသူငယ်တို့ (၏အခြေ အနေ)ကို ကောင်းမွန်မှန်ကန်အောင် ပြုပြင်ပေးခြင်း သည်သာ လျှင် အကောင်းဆုံး အမြင့်မြတ်ဆုံးပင်ဖြစ်သည်။ အကယ် ၍သာ အသင်တို့သည် ယင်းသူငယ်တို့နှင့် ရောနှော ပေါင်းစပ် ကြပါလျှင် (စိုးရိမ်စရာမရှိ) ထိုဖမဲ့ကလေးသူငယ် တို့သည် အသင်တို့၏ ညီနောင်များပင် ဖြစ်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်သည် ဖသက်ဆိုးတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်သောသူများနှင့် ကောင်းမွန်အောင် ပြုပြင် ပေးသောသူများကို ခွဲခြား၍သိရှိတော်မူသည်။ ထိုမှ တစ်ပါးတုံ အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလို တော်ရှိတော်မူခဲ့ပါလျှင် အသင်တို့ကို (မိဖမဲ့ ကလေးသူငယ်များ နှင့်ပတ်သက်၍ ခဲယဉ်းသော စည်းမျဉ်းဥပဒေသတ်မှတ် တော်မူပြီးလျှင်) မုချ ဒုက္ခရောက်စေ တော်မူပြီးဖြစ်ချေပြီ။ မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုး အာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံ တော်မူသောအရှင် ဖြစ်တော်မူသတည်း။

Choose other languages: