Quran Apps in many lanuages:

Surah Al-Baqara Ayah #221 Translated in Burmese

وَلَا تَنْكِحُوا الْمُشْرِكَاتِ حَتَّىٰ يُؤْمِنَّ ۚ وَلَأَمَةٌ مُؤْمِنَةٌ خَيْرٌ مِنْ مُشْرِكَةٍ وَلَوْ أَعْجَبَتْكُمْ ۗ وَلَا تُنْكِحُوا الْمُشْرِكِينَ حَتَّىٰ يُؤْمِنُوا ۚ وَلَعَبْدٌ مُؤْمِنٌ خَيْرٌ مِنْ مُشْرِكٍ وَلَوْ أَعْجَبَكُمْ ۗ أُولَٰئِكَ يَدْعُونَ إِلَى النَّارِ ۖ وَاللَّهُ يَدْعُو إِلَى الْجَنَّةِ وَالْمَغْفِرَةِ بِإِذْنِهِ ۖ وَيُبَيِّنُ آيَاتِهِ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
(အို-အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော မုအ်မင်န် အပေါင်းတို့) အလ္လာဟ် အရှင် မြတ်နှင့်ယှဉ်တွဲ၍အခြားအရာကိုကိုးကွယ်သော မိန်းမများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလ ပတ်လုံး ထိုမိန်းမများနှင့် အသင်တို့သည် ထိမ်းမြားမင်္ဂလာ မပြုကြကုန်လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကိုကိုးကွယ်သော မိန်းမတစ်ဦးသည် အသင်တို့အဖို့ အကယ်၍ နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန်ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသော ကျွန်မိန်းမ တစ်ဦးသည် (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာ ကို ကိုးကွယ်သော) ထိုမိန်းမထက် မုချသာ၍ကောင်း၏။ ထို နည်းတူစွာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော ယောက်ျားများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလပတ်လုံး ထိုသူများ နှင့်(မုစ်လင်မ်အမျိုးသမီးများကို) ထိမ်းမြား၍ မပေးကြကုန် လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြား အရာကို ကိုးကွယ်သူတစ်ဦးသည် အသင်တို့အဘို့ အကယ်၍ နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန် ယုံကြည်ခြင်းသဒ္ဓါ တရားထားရှိသော ကျွန်ယောက်ျား တစ်ဦးသည် (အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာ ကို ကိုးကွယ်သော) ထိုယောက်ျားထက် မုချသာ၍ကောင်း၏။ (အလ္လာဟ်အရှင် မြတ်နှင့် ယှဉ်တွဲ၍အခြားအရာကို ကိုးကွယ် သောသူတို့ သည် အသင်တို့အား) ငရဲမီးသို့ ခေါ်ဆောင်ကြ ကုန်၏။ အလ္လာဟ် အရှင်မြတ်မှာမူ မိမိ၏ဆန္ဒတော်ဖြင့် (အသင်တို့အား) ဂျန္နတ်အမတ သုခဘုံသို့လည်းကောင်း၊ အပြစ် များမှ လွတ်ငြိမ်းချမ်း သာခွင့်ပေးသနားတော်မူခြင်းသို့လည်း ကောင်း၊ ခေါ်ဆောင် လျက် ရှိတော်မူ၏။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် လူသားတို့ သတိတရားရ စိမ့်သောငှာ မိမိ၏တရား ဒေသနာတော်များကို ထင်ရှားစေ တော်မူ၏။

Choose other languages: