Quran Apps in many lanuages:

Surah Al-Baqara Ayah #229 Translated in Burmese

الطَّلَاقُ مَرَّتَانِ ۖ فَإِمْسَاكٌ بِمَعْرُوفٍ أَوْ تَسْرِيحٌ بِإِحْسَانٍ ۗ وَلَا يَحِلُّ لَكُمْ أَنْ تَأْخُذُوا مِمَّا آتَيْتُمُوهُنَّ شَيْئًا إِلَّا أَنْ يَخَافَا أَلَّا يُقِيمَا حُدُودَ اللَّهِ ۖ فَإِنْ خِفْتُمْ أَلَّا يُقِيمَا حُدُودَ اللَّهِ فَلَا جُنَاحَ عَلَيْهِمَا فِيمَا افْتَدَتْ بِهِ ۗ تِلْكَ حُدُودُ اللَّهِ فَلَا تَعْتَدُوهَا ۚ وَمَنْ يَتَعَدَّ حُدُودَ اللَّهِ فَأُولَٰئِكَ هُمُ الظَّالِمُونَ
(ဇနီးမောင်နှံ ပြန်လည်ပေါင်းသင်းနိုင်သော)ကွာ ရှင်းခြင်းသည် နှစ်ကြိမ်မျှသာတည်း။ ထို့နောက်(လင်ယောက်ျား များသည် မိမိတို့၏ဇနီးများကို) တရားတော်နှင့် အညီပြန်လည် သိမ်းပိုက်ပေါင်းသင်း ရန်သာရှိ၏။ သို့တည်းမဟုတ် (တတိယ အကြိမ် ထပ်မံကွာရှင်း၍) ကောင်းမွန်စွာ စွန့်လွှတ်ရန်သာရှိ တော့သတည်း။ ၎င်းပြင် အသင်တို့အဖို့ ထိုဇနီး မိန်းမတို့အား ပေးခဲ့သော (မဟ်ရ်ခန်းဝင်ပစ္စည်း အ�ရှိသည် များ) အနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်လည်ယူပိုင်ခွင့်မရှိချေ။ သို့ရာတွင် ယင်းဇနီးမောင်နှံနှစ်ဦးတို့သည် အလ္လာဟ်အရှင်မြတ်၏ စည်း ကမ်းများကို စောင့်ထိန်းနိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသော အခါမျိုး၌မူ (ယူနိုင်ခွင့်ရှိပေသည်။) သို့ဖြစ်လေရာ အကယ်၍ ယင်းဇနီးမောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်း ဥပဒေများကို မစောင့် ထိန်းနိုင်မည်ကို အသင်တို့ စိုးရိမ်ကြပါမူ ထိုဇနီးမိန်းမက လျော်ကြေးပေးသောပစ္စည်း နှင့်စပ်လျဉ်း၍ ထိုဇနီးမောင်နှံနှစ်ဦး တို့အပေါ်တွင် တစ်စုံတစ်ရာမျှ အပြစ် မထိုက်သင့်ချေ။ ဤသည်တို့ကား အလ္လာဟ်အရှင်မြတ် သတ် မှတ်ပြဋ္ဌာန်းထားတော်မူသော စည်းမျဉ်း ဥပဒေများတည်း။ သို့ဖြစ်လေရာ အသင်တို့သည် ယင်းစည်း မျဉ်းတို့ကို မကျူးလွန် ကြကုန်လင့်။ စင်စစ်တမူကား အကြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းမျဉ်းများကို ကျူးလွန်ပါမူ ထိုသူတို့သာလျှင် ပြစ်မှားကျူးလွန်သူများ ဖြစ်ကြကုန်သတည်း။

Choose other languages: