Quran Apps in many lanuages:

Surah Al-Baqara Ayah #246 Translated in Burmese

أَلَمْ تَرَ إِلَى الْمَلَإِ مِنْ بَنِي إِسْرَائِيلَ مِنْ بَعْدِ مُوسَىٰ إِذْ قَالُوا لِنَبِيٍّ لَهُمُ ابْعَثْ لَنَا مَلِكًا نُقَاتِلْ فِي سَبِيلِ اللَّهِ ۖ قَالَ هَلْ عَسَيْتُمْ إِنْ كُتِبَ عَلَيْكُمُ الْقِتَالُ أَلَّا تُقَاتِلُوا ۖ قَالُوا وَمَا لَنَا أَلَّا نُقَاتِلَ فِي سَبِيلِ اللَّهِ وَقَدْ أُخْرِجْنَا مِنْ دِيَارِنَا وَأَبْنَائِنَا ۖ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ تَوَلَّوْا إِلَّا قَلِيلًا مِنْهُمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
(အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: