Quran Apps in many lanuages:

Surah Al-Baqara Ayah #248 Translated in Burmese

وَقَالَ لَهُمْ نَبِيُّهُمْ إِنَّ آيَةَ مُلْكِهِ أَنْ يَأْتِيَكُمُ التَّابُوتُ فِيهِ سَكِينَةٌ مِنْ رَبِّكُمْ وَبَقِيَّةٌ مِمَّا تَرَكَ آلُ مُوسَىٰ وَآلُ هَارُونَ تَحْمِلُهُ الْمَلَائِكَةُ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ထို့ပြင် ထိုသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ထိုတွာလူတ် ဘုရင်ဖြစ်ခြင်း၏ နမိတ်လက္ခဏာတော် မှာ အသင်တို့ထံသို့ အကြင် သေတ္တာသည် အလိုအလျောက် ပြန်ရောက်လာခြင်း ပင်ဖြစ်သည်။ ထိုသေတ္တာတွင် အသင်တို့ အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်မှ ဖြစ်သော စိတ်နှလုံးအေးချမ်းစေသော ပစ္စည်းရှိအံ့၊ ၎င်းပြင် နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)၏ အဆက်အနွယ်များ နှင့် နဗီတမန်တော် ဟာရူန်(အလိုင် ဟစ္စလာမ်)၏ အဆက် အနွယ်များ ထားရှိခဲ့ကြသော အကြွင်းအကျန် ပစ္စည်းများ လည်းရှိအံ့၊ ထိုသေတ္တာကို အပါးတော်စေတမန်များ ဆောင်ကြဉ်းလာကြကုန်အံ့။ အကယ်၍ အသင်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’များ ဖြစ်ကြပါမူ ယင်း (သေတ္တာပြန်ရောက်လာခြင်း)သည် မုချ အသင်တို့ အဘို့ သက်သေ သ�ဓကတရပ်ပင် ဖြစ်ချေသည်ဟု ပြောကြားလေသည်။

Choose other languages: