Quran Apps in many lanuages:

Surah Al-Baqara Ayah #249 Translated in Burmese

فَلَمَّا فَصَلَ طَالُوتُ بِالْجُنُودِ قَالَ إِنَّ اللَّهَ مُبْتَلِيكُمْ بِنَهَرٍ فَمَنْ شَرِبَ مِنْهُ فَلَيْسَ مِنِّي وَمَنْ لَمْ يَطْعَمْهُ فَإِنَّهُ مِنِّي إِلَّا مَنِ اغْتَرَفَ غُرْفَةً بِيَدِهِ ۚ فَشَرِبُوا مِنْهُ إِلَّا قَلِيلًا مِنْهُمْ ۚ فَلَمَّا جَاوَزَهُ هُوَ وَالَّذِينَ آمَنُوا مَعَهُ قَالُوا لَا طَاقَةَ لَنَا الْيَوْمَ بِجَالُوتَ وَجُنُودِهِ ۚ قَالَ الَّذِينَ يَظُنُّونَ أَنَّهُمْ مُلَاقُو اللَّهِ كَمْ مِنْ فِئَةٍ قَلِيلَةٍ غَلَبَتْ فِئَةً كَثِيرَةً بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ထို့နောက် တွာလူတ်ဘုရင်သည် (မိမိ၏) စစ် သည်တော်များနှင့်တကွ (ဂျာလူတ်အား စစ်မက်ပြိုင်ဆိုင် တိုက် ခိုက်ရန်အလို့ငှါ) ထွက်ခွါ ချီတက်သွားသောအခါ ထို(တွာလူတ်) ဘုရင်က (အချင်းတို့) မုချစင်စစ် အလ္လာဟ်အရှင်မြတ် သည် အသင်တို့အား မြစ်တခုဖြင့် စမ်းသပ်တော်မူ လတ္တံ့၊ သို့ဖြစ်ရာ အကြင်သူသည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးသည် ရှိသော် ထိုသူသည် ငါနှင့်စပ်ဆိုင်သူမဟုတ်။ ထို့ပြင် အကြင်သူသည် ထိုမြစ်ကိုမသောက်သော်၊ ထိုသူသည်သာလျှင် ငါနှင့်စပ်ဆိုင်သူဖြစ်သည်။ သို့ရုာတွင် အကြင်သူသည် (ထိုမြစ်ရေကို)မိမိလက်ဖြင့် တစ်လက်ခုပ်မျှလောက် သောက် သုံးသည်ရှိသော်(တစ်စုံတစ်ရာ အပြစ်မရှိပေ) ဟုပြောကြား လေသည်။ သို့တစေလည်း တွာလူ(တ်) ဘုရင်၏စစ်သည် တော်များအနက် အနည်းငယ်မျှသော လူတစ်စုမှအပ ကျန်အားလုံးတို့သည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးခဲ့ကြလေသည်။ ထို့နောက် သွာလူ(တ်)ဘုရင်နျင့် အတူတကွ လိုက်ပါလာသောယုံကြည်ခြင်း သဒ္ဓါတရား ထား ရှိသော ‘မုအ်မင်န်’ တို့သည်လည်းကောင်း၊ ထိုမြစ်ကိုဖြတ် ကူး၍ ကျော်လွန်သွားကြသည့်အခါ ထိုလိုက်ပါလာသော စစ်သည် တော်တို့ (အနက်တချို့)က ယနေ့အဘို့ ကျွန်ုပ်တို့၌ ဂျာလူတ် နှင့် ထိုဂျာလူတ်၏ စစ်သည်တော်တို့အား ပြိုင်ဆိုင် တိုက်ခိုက်ရန် စွမ်းအားမရှိပြီ ဟု ပြောဆိုကြလေသည်။ (ထိုအခါဝယ်) ငါတို့သည် ဧကန်မုချ အလ္လာဟ်အရှင်မြတ်အား ဖူးတွေ့ရမည့် သူများဖြစ်ကြသည် ဟူ၍ယုံကြည်သောသူများက အလ္လာဟ် အရှင်မြတ်၏ အမိန့် တော်ဖြင့် အနည်းငယ်မျှသော အရှင် မြတ်၏ အမိန့်တော်ဖြင့် အနည်းငယ်မျှသော လူစု ကလေး များသည် စစ်သည်တော် မြောက်မြားစွာ ပါဝင်သော လူစု များကိုပင် ကြိမ်ဖန်များစွာ အောင် နိုင်ခဲ့ဘူးလေပြီ၊ အမှန် စင်စစ်အလ္လာဟ်အရှင်မြတ်သည် ခန္တီပါရမီနှင့် ပြည့်စုံသော သူများ နှင့် အတူတကွ ရှိတော်မူပေသည် ဟု ပြောဆိုကြ ကုန်၏။

Choose other languages: