Quran Apps in many lanuages:

Surah Al-Baqara Ayah #255 Translated in Burmese

اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ ۚ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَيْءٍ مِنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ ۖ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် (သာလျှင်ခဝပ် ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၏)။ ထိုအရှင်မြတ် မှတစ်ပါးကိုးကွယ် ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲ ရှင်နေတော်မူသော အရှင်၊ (မိမိကိုယ်တော်တို�် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်းစောင့် ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်း ကောင်း မဖိစီးနိုင်ပေ။ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့်မြေ၌ရှိရှိသမျှသော (သက်ရှိ သက်မဲ့)အရာ ဝတ္ထုဟူသမျှတို့ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ထိုအရှင်မြတ်၏အထံတော်၌ ထိုအရှင်မြတ်၏ ခွင့် ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေး နိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက်အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စအဖြစ်အပျက် တို့အနက်မှထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်း ကိစ္စ မှအပတစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင် မြတ်၏ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွကမ္ဘာမြေပြင် တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင်ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲ ထွတ်မြတ်တော်မူသောအရှင်တည်း။

Choose other languages: