Quran Apps in many lanuages:

Surah Al-Baqara Ayah #259 Translated in Burmese

أَوْ كَالَّذِي مَرَّ عَلَىٰ قَرْيَةٍ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحْيِي هَٰذِهِ اللَّهُ بَعْدَ مَوْتِهَا ۖ فَأَمَاتَهُ اللَّهُ مِائَةَ عَامٍ ثُمَّ بَعَثَهُ ۖ قَالَ كَمْ لَبِثْتَ ۖ قَالَ لَبِثْتُ يَوْمًا أَوْ بَعْضَ يَوْمٍ ۖ قَالَ بَلْ لَبِثْتَ مِائَةَ عَامٍ فَانْظُرْ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمْ يَتَسَنَّهْ ۖ وَانْظُرْ إِلَىٰ حِمَارِكَ وَلِنَجْعَلَكَ آيَةً لِلنَّاسِ ۖ وَانْظُرْ إِلَى الْعِظَامِ كَيْفَ نُنْشِزُهَا ثُمَّ نَكْسُوهَا لَحْمًا ۚ فَلَمَّا تَبَيَّنَ لَهُ قَالَ أَعْلَمُ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
င်းပြင် (အို-နဗီတမန်တော်) အသင်သည်အကြင်သူ၏ အဖြစ်အပျက်ကို လေ့လာဆင်ခြင်သုံးသပ်ပြီးဖြစ်သည် မဟုတ်ပါလော။ ထိုသူသည် (အိမ်ခေါင်မိုးများ ပြိုကျကာနံရံများသည်လည်း) ခေါင်မိုးများပေါ်သို့ ပြိုကျ၍ ပျက်စီးလျက်ရှိသော မြို့ရွာတစ်ရွာကို ဖြတ်သန်းသွားလေရာ “အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာကို ပျက်စီးပြီးနောက်အဘယ်နည်းဖြင့် ပြန်လည်(ရှင်စေ)ထူထောင်တော်မူအံ့နည်း”ဟု(မိမိစိတ်တွင်းဝယ် အံ့ဩကြီးစွာဖြင့်တွေးဆ)ပြောဆို လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအားနှစ်ပေါင်းတစ်ရာတိတိ သေစေတော်မူခဲ့လေ၏။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ထိုသူအားရှင်စေတော်မူ၍”အသင်သည်(ဤနေရာ၌)မည်မျှတိုင်အောင် ကြာမြင့်စွာ နေခဲ့ပါသနည်း” ဟု မေးမြန်းတော်မူလေရာ ထိုသူက ကျွန်တော်မျိုးသည် တစ်နေ့တိတိ သို့တည်းမဟုတ် တစ်နေ့လျော့လျော့နေ ခဲ့ပါ သည်” ဟု လျှောက်ထားလေသည်။ (ထိုအခါအလ္လာဟ် အရှင်မြတ်က) “ဤသို့ မဟုတ်၊ စင်စစ်မှာကားအသင်သည်နှစ် ပေါင်း တစ်ရာမျှတိုင် အောင်နေခဲ့လေပြီ။အသင်သည် မိမိ၏ စားဖွယ်သောက်ဖွယ် ရာများကို ရှုပါလေ၊ထိုစားဖွယ်ရာများ သည် (ဤမျှနှစ်ကာလ ပရိစ္ဆေဒကြာမြင့်သော်လည်း စိုးစဉ်းမျှ) ပုပ်သိုးနံစော်ခြင်း မရှိပြီ။တစ်ဖန် (မိမိ စီးနင်း၍လာသော) မြည်းတိရိစ္ဆာန်ကို(လည်း)ကြည့်ပါလေ။ စ်စစ်တမူကား ငါအရှင်မြတ်သည်အသင့်ကို (ယင်းကဲ့သို့သေစေတော်မူပြီး တဖန်ရှင်စေတော်မူခြင်းမှာ လူခပင်းတို့အဖို့ သက်သေခံ လက္ခဏာတစ်ရပ်ပြုလုပ်တော်မူရန်ပင်တည်း။ ထိုနည်းတူစွာငါအရှင်မြတ်သည်(အသင်စီးနင်း၍လာသောမြည်းတိရိစ္ဆာန်၏)အရိုးများကို မည်သည့်နည်းမျိုးဖြင့် ဆက်စပ်တော်မူ၍ အသားဖြင့် ဖုံးအုပ်ပေးတော်မူသည်ကိုလည်း ရှုပါလေ” ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည့်အတိုင်း အဖြစ်အပျက်အလုံးစုံတို့သည်) ထိုသူ့အဖို့ရာ ထင်ရှားလာသောအခါ ထိုသူက “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ဖြစ်တော်မူသည်ကို ကျွန်တော်မျိုး(မျက်မြင်ဒိဋ္ဌသိမြင်) ယုံကြည် ပါပြီ”ဟု လျှောက်ထား လေသတည်း။

Choose other languages: