Quran Apps in many lanuages:

Surah Al-Baqara Ayah #264 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُمْ بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنْفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَا يَقْدِرُونَ عَلَىٰ شَيْءٍ مِمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှ�င်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။

Choose other languages: