Quran Apps in many lanuages:

Surah Al-Baqara Ayah #265 Translated in Burmese

وَمَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِنْ أَنْفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِنْ لَمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစ္စအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။

Choose other languages: