Quran Apps in many lanuages:

Surah Al-Baqara Ayah #283 Translated in Burmese

وَإِنْ كُنْتُمْ عَلَىٰ سَفَرٍ وَلَمْ تَجِدُوا كَاتِبًا فَرِهَانٌ مَقْبُوضَةٌ ۖ فَإِنْ أَمِنَ بَعْضُكُمْ بَعْضًا فَلْيُؤَدِّ الَّذِي اؤْتُمِنَ أَمَانَتَهُ وَلْيَتَّقِ اللَّهَ رَبَّهُ ۗ وَلَا تَكْتُمُوا الشَّهَادَةَ ۚ وَمَنْ يَكْتُمْهَا فَإِنَّهُ آثِمٌ قَلْبُهُ ۗ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
တဖန် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုကို ပြုလုပ်ကြရာ၌ စာချုပ်စာတမ်း ရေးသားရန်အတွက်) ရေးမှတ်သူ တစ်ဦးမျှကိုပင်မရရှိခဲ့ပါမူ ထိုအခါ (မြီစားသည် မြီရှင်အား) အပေါင်အနှံ ဝတ္တုပစ္စည်းများကို (ယုံကြည်စိတ်ချရန်အတွက်) လက်ရောက်ပေးထားရမည်။ သို့ရာတွင် အကယ်၍ အသင်တို့အနက် တစ်ဦးသည်တစ်ဦးကို ယုံကြည်စိတ်ချ(၍ ပစ္စည်းပေါင်နှံရန်မလိုခဲ့)ပါလျှင် ယုံကြည်စိတ်ချခြင်းခံရသော (မြီစား)သည် မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေးစားလျက် ထို (ယုံကြည်စိတ်ချသောမြီရှင်) ၏ကြွေးမြီကို ပြေလည်အောင် ပေးဆပ်ရမည်။4င်းပြင် အသင်တို့သည် သိမြင်သမျှတို့ကို (သက်သေမခံပဲ) ထိမ်ချန်လျှို့ဝှက်ခြင်း မပြုကြ ကုန်လင့်။ အမှန်သော်ကား အကြင်သူသည် ယင်း သိမြင်သမျှကို ထိမ်ချန်လျှို့ဝှက်အံ့ ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုဒုစရိုက်ကို ကျူးလွန်သော သူ၏စိတ်နှလုံးဖြစ်အံ့။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သော ကိစ္စအရပ်ရပ်တို့ကို အြွကင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ ချေသတည်း။

Choose other languages: