Quran Apps in many lanuages:

Surah Al-Baqara Ayah #54 Translated in Burmese

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنْفُسَكُمْ بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنْفُسَكُمْ ذَٰلِكُمْ خَيْرٌ لَكُمْ عِنْدَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တစ်နေ့သောအခါ နဗီတမန်တော်မူစာက မိမိ၏ အမျိုးသားများအား ပြောကြားသည်မှာ၊ အိုကျွန်ုပ်၏ အမျိုးသား အပေါင်းတို့၊ ဧကန်မုချ အသင်တို့သည် နွားငယ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းကြလေပြီ၊ သို့ဖြစ်၍ (ထိုကဲ့သို့ ကြီးလေးသောအပြစ်မှ ချမ်းသာခွင့်ရရန်) အသင်တို့သည် မိမိတို့အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင့် အထံတော်၌ ဝန်ချတောင်းပန် အသနားခံကြကုန်လော့၊ ထို့နောက် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ကြကုန်လော့။ (သို့ဝန်ချတောင်းပန် အသနားခံခြင်းသာလျှင်) အသင်တို့အဖို့ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင့်ထံတော်၌ ကောင်းမြတ်သော အကြောင်းတရားဖြစ်၏။ ထို့နောက်(အသင်တို့သည် ညွှန်ကြားပြသ ဆုံးမတော်မူသည့်အတိုင်း ဝန်ချတောင်းပန်ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ဝန် ချတောင်းပန်ချက်ကို လက်ခံတော်မူလိုက်လေပြီ။ အဘယ်ကြောင့်ဟူမူထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူတို့၏တောင်းပန်ချက်ကို)အကြိမ်ကြိမ် လက်ခံတော်မူသောအရှင်၊ မဟာကရုဏာရှင် ဖြစ်တော်မူပေသည်။

Choose other languages: