Quran Apps in many lanuages:

Surah Al-Baqara Ayah #55 Translated in Burmese

وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نُؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنْتُمْ تَنْظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ အသင်တို့က အိုမူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို ဒိဌမျက်ဝါးထင်ထင် မဖူးမြင်ရသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သည် အသင့်အားအလျင်း ယုံကြည်ကြမည်မဟုတ်ဟု ပြောဆို ကြကုန်၏။(ထိုကဲ့သို့ မပြောသင့် မပြောအပ်သော စကားရပ်ကို ပြောဆိုကြသည့်အတွက်) အသင်တို့အား (အလ္လာဟ် အရှင် မြတ်၏ကြောက်မက်ဖွယ်ကောင်းသော) မိုးကြိုးလောင်မီးသည် ဖမ်းဆီး(ကွပ်မျက်) လိုက်လေပြီ။ အသင်တို့ကိုယ်တိုင်လည်း (ထိုအခြင်းအရာကို) တွေ့မြင်ကြပေသည်။

Choose other languages: