Quran Apps in many lanuages:

Surah Al-Baqara Ayah #60 Translated in Burmese

وَإِذِ اسْتَسْقَىٰ مُوسَىٰ لِقَوْمِهِ فَقُلْنَا اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْفَجَرَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۖ كُلُوا وَاشْرَبُوا مِنْ رِزْقِ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
(အို-အစ္စရာအီလ် မျိုးနွယ်အပေါင်းပြန်လည်သတိရကြလေကုန်၊) အခါ တပါး၌ (နဗီတမန်တော်) မူစာ(အ)သည် (ငါအရှင်မြတ်၏ ထံတော်မှ) မိမိ အမျိုးသားများ အဖို့သောက်သုံးရန်ရေကို (ပေးသနားတော်မူပါဟု) ဆုတောင်းပတ္တနာပြုရာ ငါအရှင်က (အို-မူစာ) အသင်သည် မိမိလှင်ကန်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ဟု မိန့်ကြားတော် မူခဲ့လေသည်။ [သို့ မိန့်ကြားချက်အရနဗီတမန်တော်မူစာ(အလိုင် ဟစ္စလာမ်)သည် ကျောက်တုံးကို ရိုက်ခတ်လေရာယင်း ကျောက်တုံးသည် ကွဲအက်၍ အစ္စရာအီလီ လူမျိုးတို့၏အသင်း ဦးရေနှင့်အညီ] စမ်းရေချောင်း 12 သွယ်တို့သည်ထိုကျောက်တုံးမှ ပန်းထွက်လာလေသည်။ (ထိုအခါ)ယင်းအစ္စရာအီလီ လူမျိုးတို့သည် အသီးသီး မိမိတို့ သောက်သုံးရာဌာနကို(ကောင်းမွန်စွာ) မှတ်သား၍ ထားကြလေသည်။(ထိုအခါ ငါအရှင်မြတ်သည် ယင်းသူတို့ကို) အသင်တို့သည်ငါအရှင်မြတ်ထံတော်မှ ပေးသနား တော်မူသော (မန္န နှင့် စလ်ဝါတည်းဟူသော) ခဲဘွယ် ဘောဇဉ်တို့ ကို စားသုံးကြ၍ (အယဉ်တွေတွေစီးဆင်းလျက် ရှိသော ကျောက်စက်ရေကိုကျေးဇူး တင်စွာဖြင့်) သောက်သုံး ကြကုန်လော့။ အသင်တို့သည် ပထဝီမြေပြင်ဝယ် ဆူပူသောင်းကျန်းသူများအဖြစ်နှင့် မကျူးလွန်ကြကုန်လင့်၊ (ဟု မိန့်တော်မူ လေသည်)။

Choose other languages: