Quran Apps in many lanuages:

Surah Al-Baqara Ayah #87 Translated in Burmese

وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَقَفَّيْنَا مِنْ بَعْدِهِ بِالرُّسُلِ ۖ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ أَفَكُلَّمَا جَاءَكُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنْفُسُكُمُ اسْتَكْبَرْتُمْ فَفَرِيقًا كَذَّبْتُمْ وَفَرِيقًا تَقْتُلُونَ
ထို့ပြင် (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့ တရားရစိမ့်သောငှါ) ငါအရှင်သည် (နဗီတမန်တော်) မူစာအား (တောင်ရာတ်) ကျမ်းတော်ကို မုချ ထုတ်ပြန်ပို့ချ ပေးသနား တော်မူခဲ့လေသည်။ တဖန် ထို (နဗီတမန်တော်) မူစာ၏ နောက်၌ (မြောက်မြားစွာသော) နဗီ တမန်တော်များကို တစ်ပါးပြီးတစ်ပါး အဆက်မပြတ် စေလွှတ် တော်မူခဲ့လေသည်။ ထို့နောက် မရ်ယမ် (သခင်မ)၏သားတော် နဗီတမန်တော် အီစာအား ထင်ရှားလှစွာသော သက်သေခံလက္ခဏာ တန်ခိုးပြာဋိဟာများကို ပေးသနားတော်မူခဲ့၏။ ၎င်းအပြင် ငါအရှင်သည် ထို’အီစာ’ အား ‘ရူဟုးလ်ကုဒုစ်’ (ဝါ) အပါးတော်စေတမန် ဂျိဗ်ရီလ်ကို စေလွှတ်ခြင်းဖြင့် ကူညီ အားပေးတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်နှင့်ပင် မည်သည့် အခါမျိုးမဆို နဗီတမန်တော် တစ်ပါးပါးသည် အသင်တို့ မနှစ်သက်သော အမိန့်တော်များကို အသင်တို့ထံသို့ ယူ ဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မောက်မာပလွှားကြပြီး (ယင်းအမိန့်တော်များကို မလိုက်နာမကျင့်မူ လိုသောကြောင့် ထိုနဗီတမန်တော် များအနက်မှ) တစုကို မဟုတ်မလျား မုသားပြောဆိုကြသူများဟုစွပ်စွဲ၍ တစုကိုမူ (ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြကုန်သည်(မဟုတ်ပါလော)။

Choose other languages:

0:00 0:00
Al-Baqara : 87
Mishari Rashid al-`Afasy