Quran Apps in many lanuages:

Surah Al-Bayyina Ayahs #5 Translated in Burmese

لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ
ရှေးအထက်ကျမ်းဂန်ကို ရရှိခဲ့ကြသောသူတို့ အနက်မှလည်းကောင်း၊ မွရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ကြသူတို့ အနက်မှလည်းကောင်း၊ သွေဖည် ငြင်းပယ်သောသူတို့မှာမူကား၊ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက ရောက်ရှိလာခြင်း မရှိသမျှကာလပတ်လုံး (မိမိတို့၏ မမှန်ကန်သောအယူဝါဒမှ) စွန့်ခွာကြမည့်သူများ မဟုတ်ခဲ့ကြပေ။
رَسُولٌ مِنَ اللَّهِ يَتْلُو صُحُفًا مُطَهَّرَةً
(ထိုထင်ရှားစွာသော သက်သေသာဓကမှာ ၎င်းတို့ရှေ့ဝယ်) သန့်ရှင်းသော ကျမ်းစာများကို ဖတ်ကြားအံ့သော အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန် တော်တစ်ပါးပင်။
فِيهَا كُتُبٌ قَيِّمَةٌ
ယင်းကျမ်းစာများမှာ မှန်ကန်သောအကြောင်းအရာများ ရေးသားပါရှိသောကျမ်းစာများပင်ဖြစ်သည်။
وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ
သို့ရာတွင် ရှေးအထက်ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့မှာ ၎င်းတို့ထံ ထင်ရှားစွာ သက်သေသာဓက ရောက်ရှိလာပြီး နောက်သော်မှပင် (သာသနာတော်နှင့်စပ်လျဉ်း၍) ကွဲလွဲခဲ့ကြကုန်လေသည်။
وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ
စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် (မမှန်ကန်သော ဘာသာဝါဒ အသီးသီးတို့ကို နဗီတမန်တော်အီဗ်ရာဟီမ်နည်းတူ စွန့်ကာ အလ္လာဟ်အရှင်မြတ်ဖက်သို့သာလျှင်) အာရုံစူးစိုက်ကြလျက် ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ အမှန်သော်ကား ဤသည်သာလျှင် မှန်ကန်သူတို့၏လမ်းစဉ်တည်း။ (မှန်ကန်သောအကြောင်းများ၏ လမ်းစဉ်ပင်၊ တရားပင်၊ သာသနာပင်)။

Choose other languages: