Surah Al-Burooj Translated in Burmese

وَالسَّمَاءِ ذَاتِ الْبُرُوجِ

(ငါအရှင်မြတ်သည်) ဒွါဒရာသီ (ဆယ့်နှစ်ရာသီ)အင်္သာစက်ရှိသော မိုးကောင်းကင်ကို သက်သေ ထူတော်မူ၏။
وَشَاهِدٍ وَمَشْهُودٍ

ထို့ပြင် အသင့်ရောက်ရှိသောနေ့ကိုလည်းကောင်း၊ အသင့်ရောက်ရှိကြရမည့်နေ့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
إِذْ هُمْ عَلَيْهَا قُعُودٌ

အကြင်အခါဝယ် ၎င်းတို့သည် ထိုမီး၏အနီးပတ်ဝန်းကျင်၌ ထိုင်လျက်ရှိခဲ့ကြကုန်၏။
وَهُمْ عَلَىٰ مَا يَفْعَلُونَ بِالْمُؤْمِنِينَ شُهُودٌ

ထို့ပြင် ၎င်းတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့ပြုလျက်ရှိသော အမှုကိစ္စ (နှိပ်စက်ညှဉ်းပမ်းမှု)ကို ရှုစားလျက်ရှိခဲ့ကြကုန်၏။
وَمَا نَقَمُوا مِنْهُمْ إِلَّا أَنْ يُؤْمِنُوا بِاللَّهِ الْعَزِيزِ الْحَمِيدِ

စင်စစ် ၎င်းတို့သည် ထို"မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့၌ တန်ခိုးကြီးမားတော်မူသော၊ ချီးမွမ်း ထောပနာအပေါင်းကို ခံယူထိုက်တော်မူသော အကြင်အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြသည် မှ�စ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တွေ့ရှိခဲ့ကြသည် မဟုတ်ပေ။
الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ

မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှု အာဏာသည် ထိုအလ္လာဟ်အရှင်မြတ်၌သာ ရှိပေသည်။
إِنَّ الَّذِينَ فَتَنُوا الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ثُمَّ لَمْ يَتُوبُوا فَلَهُمْ عَذَابُ جَهَنَّمَ وَلَهُمْ عَذَابُ الْحَرِيقِ

ဧကန်မလွဲ အကြင်သူတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော ယောက်ျားတို့အား လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြကုန်သော မိန်းမတို့အားလည်းကောင်း၊ နှိပ်စက်ညှဉ်းပမ်းခဲ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခြင်း မပြုခဲ့ကြပေ။ ထိုသူတို့၌ "ဂျဟန္နမ်" ငရဲ၏ပြစ်ဒဏ် သည် (အထူးသဖြင့်) မီးလောင်ကျွမ်းခြင်း၏ပြစ်ဒဏ်သည် ရှိချေသတည်း။
Load More