Surah Al-Hijr Translated in Burmese

الر ۚ تِلْكَ آيَاتُ الْكِتَابِ وَقُرْآنٍ مُبِينٍ

အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်ကား(အဖက်ဖက်မှပြည့်စုံသော)ကျမ်းဂန်ဓမ္မက္ခန်၏ အာယတ်တော်များသည်လည်းကောင်း၊ ထင်ရှားလှစွာသော ကုရ်အာန်ကျမ်းတော်မြတ်၏အာယတ်တော်များသည်လည်းကောင်း၊ ဖြစ်ပေသတည်း။
رُبَمَا يَوَدُّ الَّذِينَ كَفَرُوا لَوْ كَانُوا مُسْلِمِينَ

ကာဖိရ် သွေဖည်ငြင်းပယ်သောသူများသည်အကယ်၍သာ ၎င်းတို့သည် မုစ်လင်မ်များ ဖြစ်ခဲ့ကြပါလျှင်ကောင်းလေစွတကားဟု အကြိမ်ကြိမ် အဖန်ဖန် အာသာဆန္ဒထားရှိကြကုန်အံ့။
ذَرْهُمْ يَأْكُلُوا وَيَتَمَتَّعُوا وَيُلْهِهِمُ الْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ

(အို-နဗီတမန်တော်) အသင်သည် ထို(ကာဖိရ်သွေဖည်ငြင်းပယ်သော) သူတို့အား (လက်ရှိအခြေအနေအတိုင်း) စား(သောက်နေထိုင်)ကြရန်လည်းကောင်း၊ (လောကီစည်းစိမ်များ၌နစ်မွန်းကာ) အကျိုးခံစား လျက်ရှိကြရန်လည်းကောင်း၊ ထိုသူတို့၏မျှော်လင့်ချက်သည် ထိုသူတို့အား အာရုံလွှဲပြောင်းထားရှိရန်လည်းကောင်း၊ စွန့်လွှတ်၍ထားပါလေ။ မကြာမြင့်မီပင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှု၏အကျိုးကို) သိရှိကြကုန်အံ့။
وَمَا أَهْلَكْنَا مِنْ قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَعْلُومٌ

စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။
مَا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ

မည်သည့်လူမျိုးမျှပင် မိမိတို့၏(သတ်မှတ်ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက်စော၍ သွား နိုင်ကြမည်လည်းမဟုတ်ပေ။ (ယင်းသတ်မှတ်ပြဌာန်း အပ်သောအချိန်ကာလကို) နောက်ချန်၍ နေနိုင်ကြမည်လည်း မဟုတ်ချေ။
وَقَالُوا يَا أَيُّهَا الَّذِي نُزِّلَ عَلَيْهِ الذِّكْرُ إِنَّكَ لَمَجْنُونٌ

၎င်းပြင် (အို-နဗီတမန်တော်) ထို (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့က (အသင့်အား) အို-ဆုံးမဩဝါဒ(ကုရ်အာန်ကျမ်းတော်မြတ်)ချပေးသနားတော်မူခြင်းခံရသောသူဧကန်စင်စစ် အသင်သည် အမှန်ပင် စိတ်ဖောက်ပြန်သူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
لَوْ مَا تَأْتِينَا بِالْمَلَائِكَةِ إِنْ كُنْتَ مِنَ الصَّادِقِينَ

အကယ်၍ အသင်သည် (သစ္စာဝါဒီ)မှန်ကန်စွာပြောဆိုသူဖြစ်ခဲ့ပါလျှင် အဘယ်ကြောင့် အသင်သည် မလာအိကဟ် ကောင်းကင်တမန်တော်များ အား ကျွန်ုပ်တို့ထံ ခေါ်ဆောင်မလာသနည်း။
مَا نُنَزِّلُ الْمَلَائِكَةَ إِلَّا بِالْحَقِّ وَمَا كَانُوا إِذًا مُنْظَرِينَ

(စင်စစ်သော်ကား) ငါအရှင်မြတ်သည် တိကျမှန်ကန်သောစီရင်ဆုံးဖြတ်ချက်မရှိဘဲလျက် မလာအိကဟ် ကောင်းကင်တမန်များကို ချပေးတော်မူသည် မဟုတ်ပေ။ ထိုမှတပါး၎င်းတို့သည် ထို(ကောင်းကင်တမန်များ ရောက်ရှိလာကြသော)အခါ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူခြင်းကို ခံရသူများလည်း ဖြစ်ကြမည် မဟုတ်ပေ။
إِنَّا نَحْنُ نَزَّلْنَا الذِّكْرَ وَإِنَّا لَهُ لَحَافِظُونَ

ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلَقَدْ أَرْسَلْنَا مِنْ قَبْلِكَ فِي شِيَعِ الْأَوَّلِينَ

ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်၏အလျင် ရှေးအုပ်စုများတွင်လည်း(နဗီတမန်တော်များအား) စေလွှတ်တော်မူခဲ့လေသည်။
Load More