Surah Al-Hujraat Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا لَا تُقَدِّمُوا بَيْنَ يَدَيِ اللَّهِ وَرَسُولِهِ ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ

အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည့်သည့်ကိစ္စ၌မဆို) အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ရှေ့၌လည်းကောင်း၊ ရှေ့သို့ မကျော်တက်ကြကုန်လင့်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (အလုံးစုံသော ပြောဆိုမှုတို့ကို)အကြွင်းမဲ့ကြားတော်မူသောအရှင်၊ (အလုံးစုံသောအခြေအနေ၊ အပြုအမူ၊ အတွင်းအပြင်တို့ကို) အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသည်။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَرْفَعُوا أَصْوَاتَكُمْ فَوْقَ صَوْتِ النَّبِيِّ وَلَا تَجْهَرُوا لَهُ بِالْقَوْلِ كَجَهْرِ بَعْضِكُمْ لِبَعْضٍ أَنْ تَحْبَطَ أَعْمَالُكُمْ وَأَنْتُمْ لَا تَشْعُرُونَ

အို-မုအ်မင်န် သက်ဝင် ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏အသံများကို နဗီတမန်တော်၏ အသံထက် မကျယ်မမြင့် စေကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ဟစ်အော်ကျယ်လောင်စွာ ပြောဆိုသကဲ့သို့ ထိုနဗီတမန်တော်နှင့် စကားပြောဆိုရာ၌ ဟစ်အော်၍ ကျယ်လောင်စွာ ပြောဆိုခြင်းကို မပြုကြကုန်လင့်။ (သို့ပြုကြလျှင်) အသင်တို့ မသိကြဘဲလျက် အသင်တို့၏ အပြုအမူများသည် အချည်းနှီးဖြစ်သွားပေမည်။
إِنَّ الَّذِينَ يَغُضُّونَ أَصْوَاتَهُمْ عِنْدَ رَسُولِ اللَّهِ أُولَٰئِكَ الَّذِينَ امْتَحَنَ اللَّهُ قُلُوبَهُمْ لِلتَّقْوَىٰ ۚ لَهُمْ مَغْفِرَةٌ وَأَجْرٌ عَظِيمٌ

ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ရှေ့ဝယ် မိမိတို့၏အသံများကို နှိမ့်ချကြကုန်သော သူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို ပြစ်မှုများမှ ကြဉ်ရှောင်ခြင်းငှာ ရွေးချယ်တော်မူခဲ့၏။ ထိုသူတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့် သည်လည်းကောင်း၊ကြီးကျယ်လှစွာသောအကျိုး သည်လည်းကောင်း၊ ရှိချေသတည်း။
إِنَّ الَّذِينَ يُنَادُونَكَ مِنْ وَرَاءِ الْحُجُرَاتِ أَكْثَرُهُمْ لَا يَعْقِلُونَ

ဧကန်စင်စစ် အသင့်အား အခန်းများ၏ အပြင်ဘက်မှ ဟစ်ခေါ်ကြကုန်သော သူတို့အနက် အများစုမှာ မသိနားမလည်ကြပေ။
وَلَوْ أَنَّهُمْ صَبَرُوا حَتَّىٰ تَخْرُجَ إِلَيْهِمْ لَكَانَ خَيْرًا لَهُمْ ۚ وَاللَّهُ غَفُورٌ رَحِيمٌ

စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်အသင် ၎င်းတို့ထံ ထွက်လာသည်အထိ သည်းခံခဲ့ကြပါလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ လွန်စွာ သနား ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ جَاءَكُمْ فَاسِقٌ بِنَبَإٍ فَتَبَيَّنُوا أَنْ تُصِيبُوا قَوْمًا بِجَهَالَةٍ فَتُصْبِحُوا عَلَىٰ مَا فَعَلْتُمْ نَادِمِينَ

အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူ တစ်ဦးတစ်ယောက်သည် အသင်တို့ထံ တစ်စုံတစ်ရာ သတင်းကို ယူဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် မသိဘဲလျက် လူမျိုးတစ်မျိုးကို အန္တရာယ်မပြုမိကြရန်(ယင်းသတင်း)မှန်မမှန်ကို(စူးစမ်း)စစ် ဆေးကြလေကုန်။ (သို့မဟုတ်လျှင်) အသင်တို့သည် မိမိတို့ပြုမိခဲ့ကြသောကိစ္စကြောင့် ကြေကွဲကြရပေမည်။
وَاعْلَمُوا أَنَّ فِيكُمْ رَسُولَ اللَّهِ ۚ لَوْ يُطِيعُكُمْ فِي كَثِيرٍ مِنَ الْأَمْرِ لَعَنِتُّمْ وَلَٰكِنَّ اللَّهَ حَبَّبَ إِلَيْكُمُ الْإِيمَانَ وَزَيَّنَهُ فِي قُلُوبِكُمْ وَكَرَّهَ إِلَيْكُمُ الْكُفْرَ وَالْفُسُوقَ وَالْعِصْيَانَ ۚ أُولَٰئِكَ هُمُ الرَّاشِدُونَ

၎င်းပြင် အသင်တို့သည် မိမိတို့၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရှိနေတော်မူသည်ကို (ကောင်းစွာ)သိထားကြလေကုန်။ အကယ်၍ ထိုရစူလ်တမန်တော်မြတ်သည် များစွာသော အရေးကိစ္စတို့၌ အသင်တို့၏ ပြောဆိုချက်ကို လိုက်နာပါလျှင် အမှန်ပင် အသင်တို့သာလျှင် ဒုက္ခတွေ့ကြမည်သာ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား’အီမာန်’ သက်ဝင်ယုံကြည်မှုကို နှစ်သက်မြတ်နိုးစေတော်မူခဲ့၏။ ထို့ပြင် ယင်း ‘အီမာန်’ ယုံကြည်မှုကို အသင်တို့၏ စိတ်နှလုံးများတွင် မြတ်နိုးစေတော်မူခဲ့၏။ လှပ တင့်တယ်စေတော်မူခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ‘ကုဖ်ရ်’ သွေဖည်မှုကိုလည်းကောင်း၊ ပြစ်မှု ကျူးလွန်ခြင်းကို လည်းကောင်း၊အမိန့် မနာခံမှုကိုလည်းကောင်း၊ စက်ဆုပ်စေတော်မူခဲ့၏။ ယင်းကဲ့သို့သော သူတို့သည်သာလျှင် လမ်းမှန်ကိုရရှိသူများ ဖြစ်ကြကုန်၏။
فَضْلًا مِنَ اللَّهِ وَنِعْمَةً ۚ وَاللَّهُ عَلِيمٌ حَكِيمٌ

အလ္လာဟ်အရှင်မြတ်၏ ကျေးဇူတော် ကြောင့်လည်းကောင်း၊ ဆုချီးမြှင့်တော်မူခြင်း ကြောင့်လည်းကောင်း၊အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَإِنْ طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا بَيْنَهُمَا ۖ فَإِنْ بَغَتْ إِحْدَاهُمَا عَلَى الْأُخْرَىٰ فَقَاتِلُوا الَّتِي تَبْغِي حَتَّىٰ تَفِيءَ إِلَىٰ أَمْرِ اللَّهِ ۚ فَإِنْ فَاءَتْ فَأَصْلِحُوا بَيْنَهُمَا بِالْعَدْلِ وَأَقْسِطُوا ۖ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ

၎င်းပြင် အကယ်၍ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်တိုက်ခဲ့ကြလျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏ အကြားဝယ် စစ်ပြေငြိမ်းအောင် ပြုလုပ်ဆောင်ရွက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ယင်းအုပ်စုနှစ်စု အနက်မှ အုပ်စုတစ်စုသည် (စစ်ပြေငြိမ်းမှုကို လက်မခံဘဲ ဆက်လက်၍) အခြားအုပ်စုအပေါ်၌ မတရားကျူးကျော်လာခဲ့လျှင် အသင်တို့သည် ယင်းကျူးကျော်လျက် ရှိသောအုပ်စုကို ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့ ပြန်၍ လှည့်လာကြသည်အထိ ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုအုပ်စုသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဘက်သို့) ပြန်လှည့်လာခဲ့လျှင် အသင်တို့သည် ယင်းအုပ်စုနှစ်စု၏အကြား၌ တရားသဖြင့် စေ့စပ်၍ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့ သည်တရားမျှတစွာ ဆောင်ရွက်ကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်မြတ်နိုးတော်မူ၏။
إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ

မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုနှစ်ယောက်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။
Load More