Surah Al-Inshiqaq Translated in Burmese

وَأَذِنَتْ لِرَبِّهَا وَحُقَّتْ

၎င်းပြင် ထိုမိုးကောင်းကင်သည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံပေမည်။စင်စစ် ယင်းမိုးကောင်းကင်သည် (ယင်းသို့ နာခံရန်သာ)ထိုက်တန်ပေသည်။
وَأَلْقَتْ مَا فِيهَا وَتَخَلَّتْ

၎င်းပြင် ယင်းပထဝီမြေသည် မိမိအတွင်း၌ရှိသော အရာဝတ္ထုများကို (အပြင်သို့ အန်)ထုတ်ပြီးလျှင် ဗလာချည်း ဖြစ်သွားပေမည်။
وَأَذِنَتْ لِرَبِّهَا وَحُقَّتْ

ထို့ပြင် ယင်းပထဝီမြေသည် မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို နာခံစေမည်။ စင်စစ် ယင်းပထဝီမြေသည် ယင်းသို့ နာခံရန်သာ ထိုက်တန်ပေသည်။
يَا أَيُّهَا الْإِنْسَانُ إِنَّكَ كَادِحٌ إِلَىٰ رَبِّكَ كَدْحًا فَمُلَاقِيهِ

အို-လူသား၊ ဧကန်စင်စစ် အသင်သည် မိမိအရှင်မြတ်အထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင် ရွက်ရပေမည်။ ထို့နောက် (အသင်သည်) ယင်း ကြိုးပမ်းမှု(၏ အကျိုးကို)တွေ့ရှိရပေမည်။
فَأَمَّا مَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ

မည်သို့ပင်ဖြစ်စေ ထိုအခါ မိမိမှတ်တမ်းကို မိမိလက်ယာဘက်လက်ထဲ၌ ပေးခြင်းကို ခံရသောသူသည်
وَيَنْقَلِبُ إِلَىٰ أَهْلِهِ مَسْرُورًا

၎င်းပြင် ထိုသူသည် မိမိ အိမ်သူအိမ်သား အပေါင်းအဖော်တို့ထံမှ ဝမ်းမြောက်စွာ ပြန်လာပေမည်။
وَأَمَّا مَنْ أُوتِيَ كِتَابَهُ وَرَاءَ ظَهْرِهِ

သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ မိမိမှတ်တမ်းကို မိမိနောက်ကျောဘက်မှပေးခြင်းကို ခံရသောသူသည်
Load More