Surah Al-Isra Translated in Burmese

سُبْحَانَ الَّذِي أَسْرَىٰ بِعَبْدِهِ لَيْلًا مِنَ الْمَسْجِدِ الْحَرَامِ إِلَى الْمَسْجِدِ الْأَقْصَى الَّذِي بَارَكْنَا حَوْلَهُ لِنُرِيَهُ مِنْ آيَاتِنَا ۚ إِنَّهُ هُوَ السَّمِيعُ الْبَصِيرُ

အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည် တစ်ည၌ မိမိကျွန်(နဗီတမန်တော်မုဟမ္မဒ်)အားမတ်စ်ဂျစ်ဒ်ဒေဟရာမ်ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ထိုကျွန် (နဗီတမန်တော် မုဟမ္မဒ်)အား မိမိ၏အချို့သက်သေ လက္ခဏာတော်များကို ပြသတော်မူအံ့သောငှာအကြင်မတ်စ်ဂျစ်ဒ်ဒေအတ်က်ဆွာ (အလွန်ဝေးလံလှသော)ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်၍ သွားခဲ့တော်မူ၏။ ငါအရှင်မြတ်သည် ထိုဗလီဝတ်ကျောင်းတော် ၏ပတ်ဝန်းကျင်ကိုဗရ်ကတ်သုခချမ်းသာမင်္ဂလာနှင့်ပြည့်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင်လျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
وَآتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَاهُ هُدًى لِبَنِي إِسْرَائِيلَ أَلَّا تَتَّخِذُوا مِنْ دُونِي وَكِيلًا

စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ဒေသနာတော်ကို အစ္စရာအီလီမျိုးနွယ်အဖို့ အသင်တို့သည်ငါအရှင်မြတ်မှတစ်ပါး အခြားမည်သည့် တစ်စုံတစ်ရာကိုမျှ အားကိုးအားထားရာမပြုလုပ်ကြကုန်လင့်ဟူ၍ တရားလမ်းညွှန်ပြုတော် မူခဲ့လေသည်။
ذُرِّيَّةَ مَنْ حَمَلْنَا مَعَ نُوحٍ ۚ إِنَّهُ كَانَ عَبْدًا شَكُورًا

အို-အကြင်သူတို့၏ သားမြေးအပေါင်းတို့၊ ငါအရှင်မြတ်သည် ထိုသူတို့အား (နဗီတမန်တော်)နူဟ် နှင့်အတူ(သင်္ဘောပေါ်သို့)တင်ဆောင်တော်မူခဲ့လေသည်။ (အသင်တို့သည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်တော်မူကြောင်းကိုသက်ဝင်ယုံကြည်ကြလေကုန်။ မလွဲဧကန် ထို(နဗီတမန်တော်)နူဟ်သည် ကျေးဇူးတော်ကို အလွန်သိတတ်သော ကျွန်တစ်ပါးဖြစ်ခဲ့ပေသတည်း။
وَقَضَيْنَا إِلَىٰ بَنِي إِسْرَائِيلَ فِي الْكِتَابِ لَتُفْسِدُنَّ فِي الْأَرْضِ مَرَّتَيْنِ وَلَتَعْلُنَّ عُلُوًّا كَبِيرًا

စင်စစ်သော်ကား ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံ(သောင်ရာတ်)ကျမ်းတော်၌(�သို့)စီရင်ပြဋ္ဌာန်း(ချက်ကိုပေးပို့)တော်မူခဲ့လေသည်။ (အို-အီစ်ရာအီလီမျိုးနွယ်တို့၊) မုချစင်စစ် အသင်တို့သည် တိုင်းပြည်တွင် နှစ်ကြိမ်တိုင်တိုင် ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြပေမည်။ ထိုမှတစ်ပါး ဧကန်မလွဲ အသင်တို့သည် အကြီးအကျယ် ရက်စက်စွာအုပ်စိုးမှုဖြင့်လည်း အုပ်စိုးကြပေမည်။
فَإِذَا جَاءَ وَعْدُ أُولَاهُمَا بَعَثْنَا عَلَيْكُمْ عِبَادًا لَنَا أُولِي بَأْسٍ شَدِيدٍ فَجَاسُوا خِلَالَ الدِّيَارِ ۚ وَكَانَ وَعْدًا مَفْعُولًا

တစ်ဖန် ထိုနှစ်ကြိမ်အနက် ပထမအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ ပြုလုပ်ခဲ့ ကြသည့်)အတွက်ချိန်းချက်ထားသော ပြစ်ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ ငါအရှင်မြတ်သည် အလွန်အမင်း တိုက်ခိုက်ကြသော မိမိကျွန်များကို အသင်တို့အပေါ်ဝယ် နိုင်လိုမင်းထက် ပြုမူစေတော်မူပေမည်။ ထိုအခါ၎င်းတို့သည် (အသင်တို့အား ဖျက်ဆီးသတ်ဖြတ်ကြရန် အသင်တို့၏) နေအိမ်များအတွင်းသို့ဝင်ရောက်ကြပေမည်။ စင်စစ်သော်ကား(ငါအရှင်မြတ်၏ ဤချိန်းချက်မှုသည် မုချ) ပြီးမြောက် အောင်မြင်မည့်ချိန်းချက်မှုပင် ဖြစ်ပေသတည်း။
ثُمَّ رَدَدْنَا لَكُمُ الْكَرَّةَ عَلَيْهِمْ وَأَمْدَدْنَاكُمْ بِأَمْوَالٍ وَبَنِينَ وَجَعَلْنَاكُمْ أَكْثَرَ نَفِيرًا

ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား၎င်းတို့အပေါ်၌ (လွှမ်းမိုးရန်) အလှည့်ပြန်ပေးတော်မူမည်။ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ သား(သမီး)များဖြင့်လည်းကောင်း၊ ကူညီစောင်မတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အားလူစုလူရုံး အားဖြင့်လည်း (လူဦးရေ)မြားမြောင်သော လူစုလူရုံးဖြစ်စေတော်မူပေမည်။
إِنْ أَحْسَنْتُمْ أَحْسَنْتُمْ لِأَنْفُسِكُمْ ۖ وَإِنْ أَسَأْتُمْ فَلَهَا ۚ فَإِذَا جَاءَ وَعْدُ الْآخِرَةِ لِيَسُوءُوا وُجُوهَكُمْ وَلِيَدْخُلُوا الْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا مَا عَلَوْا تَتْبِيرًا

အကယ်၍ အသင်တို့သည် အကောင်းပြုခဲ့ကြသည်ရှိသော် မိမိတို့ကိုယ်များအဖို့ အကောင်းပြုကြမည်သာ။သို့ရာတွင် အကယ်၍ အသင်တို့သည် အဆိုးပြုခဲ့ကြပါလျှင်လည်း မိမိတို့ကိုယ်များနှင့် ဆန့်ကျင်(၍ ပြုကြ)မည်သာတည်း။တစ်ဖန် ဒုတိယအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ပြုလုပ်ခဲ့ကြသည့်) အတွက် ချိန်းချက်ထားသော ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ (ငါအရှင်မြတ်သည် မိမိအခြားကျွန်များအား) ယင်းတို့သည် အသင်တို့၏မျက်နှာများကို ပျက်စီးညှိုးနွမ်းစေကြအံ့သောငှာ လည်းကောင်း၊ထိုသူတို့သည် ဗလီဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ရောက်ခဲ့ကြသကဲ့သို့ ဝင်ရောက် ကြအံ့သောငှာလည်းကောင်း၊ယင်းတို့(လက်လှမ်းမီ) နိုင်နင်းသမျှသော အရာဝတ္ထုများကိုဖြိုခွင်းဖျက်ဆီး ကြအံ့သောငှာလည်းကောင်း၊ (အသင်တို့အပေါ်၌ လွှမ်းမိုးစေတော်မူမည်) ဖြစ်ပေသည်။
عَسَىٰ رَبُّكُمْ أَنْ يَرْحَمَكُمْ ۚ وَإِنْ عُدْتُمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا

(အို-အစ္စရာအီလီမျိုးနွယ်တို့) အသင်တို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် အသင် တို့အပေါ်၌ကရုဏာပြုကောင်းပြုတော်မူပေမည်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်(ရှေးနည်းတူ)မောက်မာပလွှားခြင်းတို့ကိုထပ်မံ၍ပြုခဲ့ကြသည်ရှိသော် ငါအရှင်မြတ်သည်လည်း (အသင်တို့အား ရှေးနည်းအတိုင်းပင်) ထပ်မံ၍ (ပြစ်ဒဏ်ပေးတော်မူခြင်းကို) ပြုလုပ်ထားတော်မူမည်သာတည်း။ စင်စစ်တွင် မူကားငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့အဖို့ အကျဉ်းထောင်ပြုလုပ်ထားတော်မူချေတည်း။
إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا

ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။
وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا

၎င်းပြင် ဧကန်စင်စစ် နောင်တမလွန်ဘဝကိုမယုံကြည်သော သူတို့အဖို့ ငါအရှင်မြတ်သည် ပြင်း ပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထားတော်မူသည်(ကိုလည်းဤကုရ်အာန်ကျမ်းတော်မြတ်သည် သတင်းပေး လေသည်။)
Load More