Quran Apps in many lanuages:

Surah Al-Isra Ayahs #28 Translated in Burmese

وَاخْفِضْ لَهُمَا جَنَاحَ الذُّلِّ مِنَ الرَّحْمَةِ وَقُلْ رَبِّ ارْحَمْهُمَا كَمَا رَبَّيَانِي صَغِيرًا
၎င်းအပြင် အသင်သည် ထိုမိဘနှစ်ပါး၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ်၌ ကရုဏာတရားထားရှိ သောအားဖြင့် ကျိုးနွံစွာရှိပါလေ။ ထို့ပြင် အသင်သည် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘဝ၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။
رَبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِنْ تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ရှိသည် တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍အသင်တို့သည် အမိန့်တော်ကို လိုက်နာသူများ (သူတော်စင်များ)ဖြစ်ကြပါလျှင် ဧကန်မလွဲ ထိုအရှင်မြတ်သည်လည်း ဝန်ချတောင်းပန် သူတို့အဖို့ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا
ထိုမှတစ်ပါး အသင်သည် ဆွေမျိုးနီးစပ်သူအား၎င်း၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးပါလေ။ (ထို့ပြင်သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အား လည်းကောင်း၊(ယင်းတို့ရသင့်ရထိုက်သောအခွင့်အရေးများကိုပေးပါလေ)။ သို့ရာတွင် အသင်သည်(မိမိဥစ္စာပစ္စည်းများကို)အလဟဿမဖြုန်းတီးလေနှင့်။
إِنَّ الْمُبَذِّرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ ۖ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا
ဧကန်မလွဲ အလဟဿဖြုန်းတီးသူတို့သည်ရှိုင်တွာန်မိစ္ဆာကောင်၏ ညီသားအစ်ကိုများပင် ဖြစ်ကြကုန်သည်။ စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အလွန် ကျေးဇူးကန်းသူပင်ဖြစ်ချေသတည်း။
وَإِمَّا تُعْرِضَنَّ عَنْهُمُ ابْتِغَاءَ رَحْمَةٍ مِنْ رَبِّكَ تَرْجُوهَا فَقُلْ لَهُمْ قَوْلًا مَيْسُورًا
သို့ရာတွင် အကယ်၍ အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ကရုဏာတော်ကို စောင့်မျှော်နေခိုက် ၎င်းတို့အား လျစ်လျူရှုရပါလျှင်အသင်သည် ၎င်းတို့အား ပြေပြစ်သာယာသော စကားကိုပြောဆိုပါလေ။

Choose other languages: