Surah Al-Jinn Translated in Burmese

قُلْ أُوحِيَ إِلَيَّ أَنَّهُ اسْتَمَعَ نَفَرٌ مِنَ الْجِنِّ فَقَالُوا إِنَّا سَمِعْنَا قُرْآنًا عَجَبًا

(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ငါ့ထံဝယ် ဤသို့ "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်း ခံခဲ့ရလေသည်။ ဧကန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာခဲ့ကြလေ၏။ ထို့နောက် ၎င်းတို့သည် (မိမိတို့ ဂျင်န် အမျိုးသားတို့ထံ ပြန်သွားခဲ့ရာ ဤသို့)ပြောကြားခဲ့ ကြလေ၏။ (အချင်းတို့၊) ဧကန်မလွဲ ကျွန်ုပ်တို့သည် အံ့ဩဖွယ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ကြားနာခဲ့ကြရ၏။
يَهْدِي إِلَى الرُّشْدِ فَآمَنَّا بِهِ ۖ وَلَنْ نُشْرِكَ بِرَبِّنَا أَحَدًا

ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မှန်သော တရားလမ်းကို ညွှန်ပြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို သက်ဝင်ယုံကြည်ခဲ့ကြလေပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကြမည် မဟုတ်ပြီ။
وَأَنَّهُ تَعَالَىٰ جَدُّ رَبِّنَا مَا اتَّخَذَ صَاحِبَةً وَلَا وَلَدًا

ထို့ပြင် ဧကန်မုချ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်ကျက်သရေသည် မြင့်မြတ်လှ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ယောက်ကိုမျှ ကြင်ရာကြင်ဖက်အဖြစ် ရွေးကောက် တင်မြှောက်တော်မူခဲ့သည်လည်း မရှိပေ။ သားသမီးအဖြစ် ပြုလုပ်တော်မူခဲ့သည်လည်း မရှိချေ။
وَأَنَّهُ كَانَ يَقُولُ سَفِيهُنَا عَلَى اللَّهِ شَطَطًا

၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့အနက် အသိဉာဏ်ခေါင်းပါးသူတို့သည် ၎င်းအရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမတရားသော စကားများကို ပြောဆိုလေ့ရှိခဲ့ကြ၏။
وَأَنَّا ظَنَنَّا أَنْ لَنْ تَقُولَ الْإِنْسُ وَالْجِنُّ عَلَى اللَّهِ كَذِبًا

၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့မှာမူကား လူသားတို့သည်လည်းကောင်း၊ ဂျင်န်တို့သည်လည်းကောင်း၊ ၎င်းအရှင်မြတ်နှင့်ပတ်သက်၍ အလျှင်း မုသားစကားကို ပြောဆိုကြမည်မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။
وَأَنَّهُ كَانَ رِجَالٌ مِنَ الْإِنْسِ يَعُوذُونَ بِرِجَالٍ مِنَ الْجِنِّ فَزَادُوهُمْ رَهَقًا

ထို့ပြင် အမှန်စင်စစ် လူသားအချို့တို့သည် ဂျင်န်အချို့တို့၏ထံတွင် ခိုလှုံလေ့ရှိခဲ့ကြပေရာ ထိုလူသားတို့သည် ၎င်းဂျင်န်များ၏ပုန်ကန်မှုကို ပိုကဲ စေခဲ့ကြကုန်၏။
وَأَنَّهُمْ ظَنُّوا كَمَا ظَنَنْتُمْ أَنْ لَنْ يَبْعَثَ اللَّهُ أَحَدًا

ထိုမှတစ်ပါး ဧကန်မလွဲ ထိုဂျင်န်များမှာ အသင်တို့ ထင်မြင်ယူဆကြသကဲ့သို့ပင် ၎င်းအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်ပြန်ထစေတော်မူမည်မဟုတ်၊ (စေလွှတ်တော်မူမည် မဟုတ်)ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြကုန်သတည်း၊
وَأَنَّا لَمَسْنَا السَّمَاءَ فَوَجَدْنَاهَا مُلِئَتْ حَرَسًا شَدِيدًا وَشُهُبًا

ထို့ပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် မိုးကောင်းကင်ကို စူးစမ်းခဲ့ကြရာ ယင်းမိုးကောင်းကင်ကို ကျွန်ုပ်တို့သည် သန်စွမ်းသော အစောင့်အကြပ်တို့ဖြင့်လည်းကောင်း၊ မီးကျီမီးခဲတို့ဖြင့် ပြည့်နှက်စွာ တွေ့ရှိ ခဲ့ကြရကုန်၏။
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَاعِدَ لِلسَّمْعِ ۖ فَمَنْ يَسْتَمِعِ الْآنَ يَجِدْ لَهُ شِهَابًا رَصَدًا

၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းမိုးကောင်းကင်မှ (သတင်းများ)နားထောင်ရန် ထိုင်ရာနေရာများတွင် (သွား)ထိုင်လေ့ရှိခဲ့ကြကုန်၏။ ယခုသော် မည်သူမဆို(သွားရောက်)နားထောင်သည်ရှိသော် မီးကျီမီးခဲတစ်ခုကို မိမိအား အသင့် စောင့်လျက် (ကြိုနေသည်ကို) တွေ့ရှိရပေမည်။
وَأَنَّا لَا نَدْرِي أَشَرٌّ أُرِيدَ بِمَنْ فِي الْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا

သို့ရာတွင် ကမ္ဘာသူကမ္ဘာသားတို့နှင့် ပတ်သက်၍ အဆိုးကို ရည်စူးထားပြီး ဖြစ်လေသလော၊ သို့တည်းမဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ရရှိရေးကို ရည်စူးတော်မူပါသလော။ (ဤသည်ကို) ကျွန်ုပ်တို့သိရှိကြသည် မဟုတ်ပေတကား။
Load More