Surah Al-Kahf Translated in Burmese

الْحَمْدُ لِلَّهِ الَّذِي أَنْزَلَ عَلَىٰ عَبْدِهِ الْكِتَابَ وَلَمْ يَجْعَلْ لَهُ عِوَجًا ۜ

ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာသက်ဆိုင်၏။ ထိုအရှင်မြတ်သည် မိမိကျွန်(မုဟမ္မဒ်)၏အပေါ်ဝယ် ကျမ်းတော်မြတ်(ကုရ်အာန်)ကို ချပေးသနားတော်မူခဲ့၏။ ၎င်းပြင်ထိုအရှင်မြတ်သည် ယင်း(ကုရ်အာန်)ကျမ်းတော်၌ မည်သည့်(ဝေ့ဝိုက်)ကွေ့ကောက်မှုကိုမျှထားရှိတော်မမူခဲ့ချေ။
قَيِّمًا لِيُنْذِرَ بَأْسًا شَدِيدًا مِنْ لَدُنْهُ وَيُبَشِّرَ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا حَسَنًا

အမှန်မှာ ထိုကျမ်းဂန်ကို ဖြောင့်မတ်စွာပြုစုထားတော်မူခဲ့ပေသည်။ ထိုအရှင်မြတ်အထံတော်မှ (ကျရောက်အံ့သော)ပြင်းထန်လှသောပြစ်ဒဏ်မှ သတိပေးအံ့သောငှာလည်းကောင်း၊ ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတို့အဖို့ အလွန်မွန်မြတ်လှစွာသော အကျိုးဆုလာဘ်ရှိသည်ဟုသတင်းကောင်း ပေးအံ့သောငှာလည်းကောင်း။
مَاكِثِينَ فِيهِ أَبَدًا

(၎င်းတို့သည်) ယင်း(ဂျန္နတ် သုခဘုံတည်းဟူသော)အကျိုးဆုလာဘ်၌ အမြဲထာဝစဉ် နေထိုင်လျက်ရှိကြပေမည်။
وَيُنْذِرَ الَّذِينَ قَالُوا اتَّخَذَ اللَّهُ وَلَدًا

အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးမွေးစားတော်မူခဲ့သည်ဟု ပြောဆိုကြကုန်သောသူတို့အား သတိပေးနှိုးဆော်အံ့သောငှာလည်းကောင်း။
مَا لَهُمْ بِهِ مِنْ عِلْمٍ وَلَا لِآبَائِهِمْ ۚ كَبُرَتْ كَلِمَةً تَخْرُجُ مِنْ أَفْوَاهِهِمْ ۚ إِنْ يَقُولُونَ إِلَّا كَذِبًا

(စင်စစ်)ထိုသူတို့လည်းဤ(စွပ်စွဲချက်)နှင့်စပ်လျဉ်း၍မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိပေ။ ထိုနည်းတူစွာ ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေးတို့၌လည်း (မည်သည့်အသိပညာ သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိချေ။ ၎င်းတို့၏နှုတ်မှထွက်သောစကားသည်အလွန်ကြီးကျယ်လှပေသည်။၎င်းတို့သည် မဟုတ်မမှန်မုသား(စကား)ကိုသာ ပြောဆိုကြကုန်သတည်း။
فَلَعَلَّكَ بَاخِعٌ نَفْسَكَ عَلَىٰ آثَارِهِمْ إِنْ لَمْ يُؤْمِنُوا بِهَٰذَا الْحَدِيثِ أَسَفًا

သို့ဖြစ်ရာ(အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် ဤကျမ်းတော်ကို မယုံကြည်ခဲ့ကြပါလျှင် အသင်သည်(သေလုမတတ် ပူပန်သောကများနေဟန်တူသည်)။
إِنَّا جَعَلْنَا مَا عَلَى الْأَرْضِ زِينَةً لَهَا لِنَبْلُوَهُمْ أَيُّهُمْ أَحْسَنُ عَمَلًا

ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အား ၎င်းတို့အနက် မည်သူသည်အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှါ၊ ပထဝီမြေပေါ်၌ရှိကုန်သော အရာဝတ္ထုများကို ငါအရှင် မြတ်သည် ယင်းပထဝီမြေ၏အလှများ ပြုလုပ်တော် မူခဲ့လေ၏။
وَإِنَّا لَجَاعِلُونَ مَا عَلَيْهَا صَعِيدًا جُرُزًا

တစ်ဖန် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်၌ ရှိရှိသမျှတို့ကို အမှန်ပင် သွေ့ခြောက်သောမြေပြင်အတိပြုလုပ်တော်မူမည့်အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
أَمْ حَسِبْتَ أَنَّ أَصْحَابَ الْكَهْفِ وَالرَّقِيمِ كَانُوا مِنْ آيَاتِنَا عَجَبًا

ဧကန်စင်စစ် ဥမင်လိုဏ်ခေါင်းတွင် ခို(အောင်းခဲ့)သူတို့သည် ရေးသားထားသော သင်ပုန်းရှင်တို့နှင့် ရကီမ်မြို့သားတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာများအနက်ထူးဆန်းအံ့ဖွယ်ဖြစ်သည်ဟု အသင်ထင်မှတ်လေသလော့။
إِذْ أَوَى الْفِتْيَةُ إِلَى الْكَهْفِ فَقَالُوا رَبَّنَا آتِنَا مِنْ لَدُنْكَ رَحْمَةً وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًا

(ပြန်လည် အောက်မေ့သတိရပါလေ)၊ အကြင်အခါ ဝယ် ထိုလူငယ်တို့သည် ဥမင်လိုဏ်ခေါင်းသို့ (သွားရောက်)ခိုအောင်းခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား မိမိအထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အရေးကိစ္စ၌ ဖြောင့်မတ်မှုကို ပေးသနားတော်မူပါဟု လျှောက်ထား(အသနား)ခံခဲ့ ကြကုန်၏။
Load More